Healthy Life Ad
Life Style

၁၈နှစ်အရွယ်လိုနုပျိုဖို့ နံနက်တိုင်းလုပ်ပေးရမယ့် အလွယ်နည်း

၊ လရိပ်မေ ၊

အချိန်ကာလ ရွေ့လျားလာတာနဲ့အမျှ အသက်ကလည်း တဖြည်းဖြည်းကြီးလာမှာပါပဲ။ အရွယ်ကိုတားလို့မရပေမယ့် နုပျိုအောင်တော့ သင်လုပ်နိုင်ပါတယ်။ ဘယ်အရွယ်ပဲရောက်ရောက် ၁၈နှစ်အရွယ်လို နုပျိုလှပဖို့ဆိုရင် အိပ်ရာနိုးတိုင်း ကော်ဖီမှုန့်နဲ့ နွားနို့သုံးပြီး ပြုပြင်နိုင်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ကော်ဖီမှုန့် – ညက်နေတဲ့ကော်ဖီမှုန့်ကို သုံးရပါမယ်။ ကြမ်းတမ်းတဲ့ ကော်ဖီမှုန့်ဆိုရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

နွားနို့ – ကော်ဖီမှုန့်မှာအဆီမပါတဲ့အတွက် အဆီနည်းနွားနို့ကိုသုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

ပြုလုပ်နည်း

ပန်းကန်လုံးတစ်လုံးထဲ ကော်ဖီမှုန့်ထည့်ပြီး နွားနို့ရောထည့်ပါ။ ခပ်ပျစ်ပျစ်အနှစ်သားရအောင်လုပ်ပါ။ ပြီးရင် မျက်ဝန်းတစ်ဝိုက်ရှောင်ပြီး မျက်နှာမှာသုတ်လိမ်းပေးပါ။ အသားအရေ ကြည်လင်ချောမွေ့နုပျိုစေဖို့ အချိန် ၁၅-၂၀ မိနစ်လောက်ထားပါ။ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။

မှတ်ချက်

ကော်ဖီမှုန့်မှာ အသားအရေကို ပြန်လည်အားသစ်လောင်းပေးနိုင်တဲ့အစွမ်းရှိပြီး သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ နွားနို့ကလည်း အသားအရေကို ကျန်းမာနုပျိုဖြူဝင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top