Healthy Life Ad
Health Tips

လွယ်ကူသလောက် အကျိုးများသည့် လတ်တလော သုတေသန သုံးရပ်

၊ ငွေကြယ်စင်ယံ ၊

သုတေသန (၁) အိပ်ရေးဝလေ၊ နာကျင်မှုနည်းလေ
အိပ်ရေးဝတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ဦးနှောက်ရဲ့ လေ့လာမှတ်သားနိုင်စွမ်းတိုးတာကို သင်သိပြီးဖြစ်မှာပါ။ အခု လေ့လာမှု အသစ်အရ အိပ်ရေးပိုဝတာကြောင့် နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်ရှိမှု လျော့ကျသွားတယ်လို့ သိရပါတယ်။ အိပ်မောကျပြီးချိန်မှာ အပူကြောင့် နာကျင်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုခံနိုင်ရည်ရှိတာကို လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

သတိပြုရန် – အိပ်စက်မှုဟာ သဘာဝအကိုက် အခဲပျောက်ဆေးဖြစ်တာကြောင့် အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

သုတေသန (၂) ဝမ်းနည်းနေချိန် ငွေရေးကြေးရေးဆိုင်ရာ ဆုံးဖြတ်ချက် မချသင့်
ဝမ်းနည်းမှုနဲ့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုအကြား ဆက်စပ်မှုကို လေ့လာခဲ့ရာ ဝမ်းနည်းနေသူတွေက ပိုမို စိတ်မရှည်ဖြစ်ကာ ငွေကြေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မှားတတ်ကြောင်း သိရပါတယ်။

သတိပြုရန် – ဝမ်းနည်းနေသူတွေက ငွေကြေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မချမှတ်နိုင်သေးပါဘူး။ စိတ်အခြေအနေ ပုံမှန်ပြန်ဖြစ်တဲ့အထိ စောင့်ဆိုင်းပြီးမှ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ပါ။

သုတေသန (၃) လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ပိုမို ခင်မင်လာစေ
လူစိမ်းတွေနဲ့တွေ့ဆုံတဲ့အခါ လက်ဆွဲနှုတ်ဆက်တာက လူမှုဆက်ဆံရေး ခိုင်မာစေသလို အပြုသဘောဆောင်တဲ့ ခင်မင်မှုကိုလည်း ဖြစ်စေပါတယ်။

သတိပြုရန် – မိတ်ဆွေအသစ်နဲ့ တွေ့တဲ့အခါ ခင်မင်မြဲမြံစွာ လက်ဆွဲနှုတ် ဆက်ပေးပါ။ ပေါင်းသင်း ဆက်ဆံရေး ပိုအဆင်ပြေလာပါလိမ့်မယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top