Healthy Life Ad
Life Style

လူ ၉၀ ရာခိုင်နှုန်းခန့် လျစ်လျူရှူထားတတ်သော ကင်ဆာအစောပိုင်းလက္ခဏာ ၇ ရပ်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

လူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့အခါ အချက် ပြသင်္ကေတတွေကို လက္ခဏာအဖြစ် ပြသတတ်ပါ တယ်။ အဲဒီလက္ခဏာတွေက တစ်ခါတစ်ရံ အခြေ ခံအကြောင်းရင်းက အသေးအမွှားဆိုပေမယ့် တစ်ခါတစ်ရံမှာ ကင်ဆာရှိနေကြောင်းပြသတာ ဖြစ်ပါတယ်။ လူ ၉၀ ရာခိုင်နှုန်းခန့်က ဒီကင်ဆာ အစောပိုင်းလက္ခဏာတွေကို လျစ်လျူရှူထားတတ်ပါတယ်။

(၁) အသားပို၊ အလုံးအကျိတ်များထွက်ခြင်း
အထူးသဖြင့် ရင်သားမှာ အသားပို၊ အလုံးအကျိတ်တွေထွက်တာက ရင်သားကင်ဆာရဲ့ လက္ခ ဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေ ကတော့-

– ရင်သားနဲ့ ချိုင်း(ဂျိုင်း)မှာ အလုံးအကျိတ်မာ မာထွက်ခြင်း၊

– အစားအသောက်ဓာတ်မတည့်တာ၊ အလှကုန် ပစ္စည်းဓာတ်မတည့်တာနဲ့မဆိုင်ဘဲ အရေပြားမှာ နီမြန်းတဲ့အကွက်ပေါ်တာ၊ ယားယံတာ၊

– အရေပြားမှာ စိုထိုင်းတဲ့ အနာပေါ်တာ၊

– မွေးရာပါအမှတ်က ကြီးထွားလာတာ၊ ပုံသဏ္ဌာန် ပြောင်းလဲလာတာတို့ ဖြစ်ပါတယ်။

(၂) ကြာရှည်ချောင်းဆိုးခြင်း
နာတာရှည် ချောင်းဆိုးဝေဒနာခံစားနေရတာ ကအဆုတ်ရောဂါလက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ နာတာရှည်ချောင်းဆိုးတာနဲ့အတူ အစာစားချင်စိတ် လျော့ကျတာ၊ ကိုယ်အလေးချိန် ရုတ်တရက် ကျ ဆင်းတာ၊ ချောင်းဆိုးသွေးပါတာ၊ အသက်ရှူမဝတာတွေတွဲဖြစ်ရင် အဆုတ်ကင်ဆာလက္ခဏာဖြစ် တတ်ပါတယ်။

(၃) အရေပြား ယားယံခြင်း
အများအားဖြင့် အရေပြားယားယံတာက အ ကျိတ်တွေ၊ အလုံးအဖုတွေနဲ့ဆက်နွှယ်မှုမရှိပါဘူး။ ဒါပေမဲ့ သားအိမ်အလုံးတွေဖြစ်ရင် မိန်းမကိုယ်တစ် ဝိုက်ယားယံတတ်ပြီး ဦးနှောက်ကင်ဆာဖြစ်ရင် နှာ ခေါင်းတွင်းယားယံမှုကို လှုံ့ဆော်တယ်လို့ တချို့ လေ့လာအရ သိရပါတယ်။

(၄) အူလှုပ်ရှားမှုအလေ့အထ ပြောင်းလဲခြင်း

– ဝမ်းသွားတဲ့အခါ သွေးပါတာ၊

– ဝမ်းသွားတဲ့အခါ အချွဲပါတာ၊ ပြည်ပါတာ၊

– ဝမ်းသွားတဲ့ပုံစံပြောင်းလဲတာ (ဥပမာ-အရင်က ပုံမှန်ဝမ်းသွားနေပေမယ့် အခုဝမ်းချုပ်သွားတာ၊ အရင်က ဝမ်းချုပ်တတ်ပေမယ့် အခုဝမ်းလျှော နေတာ) စတဲ့ လက္ခဏာတွေက အူမကြီးကင်ဆာ အစောပိုင်း လက္ခဏာတွေဖြစ်နိုင်ပါတယ်။

(၅) ဆီးသွားသည့်ပုံစံ မမှန်ခြင်း
ဆီးသွားတဲ့ ပုံစံမမှန်တာနဲ့အတူ အောက်ပါ လက္ခဏာတွေ တွဲဖြစ်ရင် ကျောက်ကပ်ကင်ဆာကို သတိပေးနေတာ ဖြစ်နိုင်ပါတယ်။

– ဆီးသွားတဲ့အခါ သွေးပါတာ၊

– သွေးတိုးတာ၊

– ကျောက်ကပ်နာကျင်တာ၊

– နာတာရှည်အားနည်းတာတို့ပဲ ဖြစ်ပါတယ်။

(၆) ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်း
အစာအိမ်ကင်ဆာရှိရင် မမျှော်လင့်ဘဲ ကိုယ် အလေးချိန်လျော့ကျတတ်ပါတယ်။ အစောပိုင်းအ ဆင့်မှာ သိသာထင်ရှားမှုမရှိပေမယ့် နောက်ပိုင်းမှာ အောက်ပါလက္ခဏာတွေကိုပါ တွေ့ရတတ်ပါတယ်။

– အသားစားရမှာ မနှစ်မျို့တော့တာ၊

– မစားဘဲ ဗိုက်ပြည့်နေတာ(အစာနည်းနည်းပဲစား ပြီးပေမယ့် အစာအများကြီးစားလိုက်သလိုမျိုး ဗိုက်ပြည့်တဲ့ ခံစားချက်ဖြစ်နေတာ)၊

– သွေးအားနည်းတာ၊

– အူမကြီးတစ်လျှောက် အစာရွေ့လျားနိုင်စွမ်း ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်။

(၇) လည်ချောင်းနာချိန် ကြာမြင့်ခြင်း
လည်ချောင်းနာတာကြာပြီး မပျောက်နိုင်ဖြစ် နေရင်လည်း ခံတွင်း၊ လည်ချောင်းဆိုင်ရာ ကင် ဆာရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အထူးသဖြင့်-

– အသက်ရှူရခက်တာ၊ အစာမျိုရခက်တာ၊

– လည်ချောင်းအလုံးအဖုပေါ်တာ၊

– အသံဝင်တာ၊

– ချောင်းဆိုးသွေးပါတာ၊ ခံတွင်းနံ့ နံတာစတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်ရင် ပိုစိုးရိမ်ရပါတယ်။

မှတ်ချက်
အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေပေါ် တိုင်း ကင်ဆာဖြစ်နေပြီလို့ စိတ်ပူစရာမလိုပါဘူး။ ကင်ဆာများဖြစ်နေမလားဆိုပြီး ဆရာဝန်နဲ့ တိုင် ပင်ဆွေးနွေးကာ အဖြေရှာကြည့်လိုက်ပါ။ ကင်ဆာ ရောဂါကို စောစောမသိဘဲ လွတ်သွားမှာစိုးတဲ့ အတွက် အကြံပြုဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top