Healthy Life Ad
Life Style

ကိုယ်အလေးချိန် ပေါင် ၁၂၀ လျော့ကျခဲ့သူ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဝါရှင်တန်မှာနေတဲ့ အသက် ၅၃ နှစ်အရွယ်ရှိ အန်းပေါ့တစကီဆိုသူက “ကိုယ်အလေးချိန် ၁၂၀ ပေါင် လျော့ ကျခဲ့တယ်”လို့ဆိုပါတယ်။
သူဟာ ကောလိပ်က အစား သောက်ဝန်ဆောင်မှုစင်တာမှာ အာဟာရအကဲဖြတ်သူအနေနဲ့ စတင်လုပ်ဆောင်ခဲ့တဲ့အချိန်မှာ ကိုယ်အလေးချိန်ပြဿနာ ဖြစ်လာခဲ့ပါတယ်။ သူက အစားအစာဟင်းလျာတွေနဲ့ မီနူးတွေကို ကြီးကြပ်ကွပ်ကဲရတော့ အဲဒီအစာတွေကို တစ်နေ့လုံး နည်းနည်းချင်းစီမြည်းစမ်းနေရပြီး အိမ်ရောက်တဲ့အခါမှာလည်း ခင်ပွန်းသည်နဲ့အတူ ညစာအပြည့်အဝစားဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်က တစ်နှစ်-တစ်နှစ်ဖြည်းဖြည်းချင်းတိုးလာနေပါတယ်။ ၂၀ဝ၈ ခုနှစ် သမီးဆုယူတဲ့အခါ ကျောင်းထိုင်ခုံမှာထိုင်ဖို့ သူ့ခန္ဓာကိုယ်က မဆံ့နိုင်ဖြစ်နေတဲ့အခါမှ စတင်သတိထားမိလာခဲ့ပါတော့မယ်။

အဲဒီအချိန်လောက်မှာပဲ အအေးမိဝေဒနာဖြစ်တာကြောင့် ဆရာဝန်ကိုသွားပြရင်း သွေးစစ်ဆေးမှုယူ ဖြစ်ခဲ့ပါတယ်။ အဒီမှာ အကြိုဆီးချိုရောဂါဖြစ်နေမှန်းသိခဲ့ရပါတယ်။
“ကျွန်မအဖို့ ကိုယ်အလေးချိန်များနေတဲ့ အာဟာရကြီးကြပ်သူတစ်ဦးဖြစ်နေပြီဆိုတာကို အထိတ် တလန့်သိလိုက်ရပါတယ်။ ကျွန်မကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့ လိုအပ်နေပြီဆို တာကိုလည်း သတိပေးလိုက်သလို ဖြစ်သွားပါတယ်” လို့ အန်းက ဆိုပါတယ်။

အဲဒီအချိန်ကစပြီး သူဟာ အွန်လိုင်းမှာ ဝိတ်လျှော့ထားသူတွေကို ရှာဖွေပြီး သူတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့ပါတော့တယ်။
လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ခဲ့တယ်၊ ပြီးတော့ တစ်နေ့မှာ ကယ်လိုရီ ၁၅၀ဝပဲ စားမယ်လို့ သတ်မှတ်ခဲ့ပြီး တစ်နပ်စားတိုင်း ကယ်လိုရီ ၅၀ဝပဲ စားခဲ့ပါတယ်။ ဒီအတိုင်း စားခဲ့တဲ့အခါမှာ ကိုယ်အလေးချိန်ပေါင် ၅၀လျော့ကျသွားခဲ့ပြီး နေ့လယ်စာစားပြီးချိန်မှာ လမ်းလျှောက်ခဲ့ပါတယ်။ ကျန်တဲ့ ကိုယ်အလေးချိန်အပိုတွေက နှစ်နှစ်အတွင်း လျော့ကျသွားခဲ့ပါတယ်။

“အိမ်အနီးအနားမှာ ကျွန်မခင်ပွန်း စက်ဘီးစီးလေ့ရှိတဲ့ တောင်ကုန်းတစ်ခုရှိပါတယ်။ ဝိတ်လျှော့ခါစမှာ ကျွန်မအနေနဲ့ အဲဒီတောင်ကုန်းကို မှတ်တိုင်အဖြစ်သဘောထားပြီး အဲဒီတောင်ကုန်းအထိ စက်ဘီးကိုတွန်း ယူပြီးမှ တောင်ဆင်းလမ်းတစ်လျှောက်စီးခဲ့ရပါတယ်။ အခုတော့ လမ်းအသွားအပြန် စက်ဘီးစီးနိုင်နေပါပြီ။ ကျွန်မသမီးနဲ့အတူ ဥရောပကို အလည်ခရီးသွားတဲ့အခါမှာ လမ်းလျှောက်လိုက်၊ စက်ဘီးစီးလိုက် တစ်လှည့် စီလုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရင်က အဝလွန်တဲ့ ခန္ဓာကိုယ်ရှိခဲ့တယ် ဆိုတဲ့အဖြစ်ကို တွေးတောင် မတွေးမိတော့ပါဘူး”လို့ အန်းက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top