Healthy Life Ad
Q & A

ငွေစက္ကူအဟောင်းအနွမ်းများကြောင့် ဖြစ်တတ်သော ဝေဒနာ . . .

မေး။ ။ ငွေစက္ကူအဟောင်းအနွမ်းတွေက လူတွေကို ရောဂါပိုးတွေ ကူးစက်ရရှိစေတယ်လို့ဆိုပါတယ်။ ဘယ် လို ပိုးတွေ ကူးစက်နိုင်ပါသလဲ။ တီဘီပိုး ကူးနိုင်ပါသလား။ ဓာတ်မတည့်မှုတွေကော ဖြစ်နိုင်ပါသလား။ တခြားဘယ်လို ဝေဒနာတွေ ဖြစ်တတ်ပါသလဲ။ ငွေစက္ကူကိုင်ပြီးရင် ဘာလုပ်သင့်ပါသလဲ။
ကိုအောင်ထွန်း၊ ကျောက်တံတား။

ဒေါက်တာမြတ်ထွဋ်ညွန့်ဖြေကြားသည်။

ဖြေ။ ။ ငွေစက္ကူတွေမှာ ဘတ်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုပိုးတွေပါနေတာကို နိုင်ငံတော်တော်များများမှာ ၈၀ရာနှုန်းကျော်အထိ တွေ့ရပါတယ်။ တချို့ပိုးတွေ ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်း ကြောင်း ပိုးဝင်တာ၊ အရေပြား ပြည်တည်နာ ဖြစ်စေနိုင်တဲ့ ပိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေစက္ကူကိုင်ပြီးရင် လက်ဆေးတာမျိုး၊ ငွေစက္ကူအများအပြား ကိုင်တွယ်ရသူတွေ ဥပမာ ဘဏ်ဝန်ထမ်းဆိုရင် နှာခေါင်းစည်းသုံးတာမျိုးတွေ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top