Healthy Life Ad
Health Tips

ကိုယ်အလေးချိန် လျော့ကျစေမည့် အကောင်းဆုံး ဖိနှိပ်နိုင်သည့် နေရာ ငါးမျိုး

၊ သဒ္ဒါထက် ၊

အစာစားချင်စိတ်နဲ့ ဆာလောင်မှုတွေကို ထိန်းချုပ်ပေးမယ့် ခန္ဓာကိုယ်အမှတ်တွေကို ဖွဖွလေး ဖိနှိပ်ပေးရင် ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းပေးနိုင်ပါတယ်။


(၁) နားရွက်ထိပ်
ဒီနေရာက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ အဓိကအမှတ်အသားတစ်ခု ဖြစ်ပါတယ်။ သင့်နားရွက်ပေါ်မှာ လက်မလေးတင်ပြီး မေးရိုးကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ကာ အကြီးမားဆုံးလှုပ်ရှားမှုလုပ်နိုင်တဲ့ အမှတ်အသားကိုရှာဖွေပါ။ အဲဒီအမှတ်အသားကို အချိန်တစ်မိနစ်ကနေ သုံးမိနစ်အထိ ဖိထားပါ။ နားရွက်၊ လက်နဲ့ ခြေထောက် တွေက စွမ်းအင်ကို အများဆုံးတုန့်ပြန်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီအမှတ်တွေကို ဖိနှိပ်ပေးနိုင်ရင် ကိုယ်အလေးချိန်ကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။

(၂) အပေါ်နှုတ်ခမ်း
ဒီအမှတ်က အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြား အလယ်နေရာမှာ တည်ရှိပါတယ်။ အဲဒီအမှတ်ကို တစ်နေ့မှာ နှစ်ကြိမ် တစ်မိနစ်ကနေ ငါးမိနစ်အထိ ဖိနှိပ်ပေးပါ။ ဒါမှမဟုတ် ဗိုက်ဆာတဲ့အခါနဲ့ အလိုမကျဖြစ်တဲ့အခါတွေမှာ ဖိနှိပ်ပေးပါ။

(၃) ဒူးရှေ့
ဒူးရှေ့က ဖော်ပြပါ အမှတ်ကို ဖိနှိပ်ပေးရင် အစာကြေညက်စေရုံသာမက အမျိုးသမီးတွေမှာ ရာသီလာစဉ်မသက်မသာဝေဒနာနဲ့ ဗိုက်အောင့်တာတို့ကို သက်သာစေပါတယ်။ ဒူးဆစ်အောက် ငါးစင်တီမီတာအကွာမှာရှိပြီး လက်ချောင်းတွေနဲ့ နှစ်မိနစ်လောက်ဖိပေးရင် အစာအိမ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ အဲဒီ နေရာကိုဖိတဲ့အခါ အနည်းငယ်နာကျင်တာ၊ မသက်မသာဖြစ်တာတို့ကို ခံစားရနိုင်ပါတယ်။

(၄) လက်တံတောင်
လက်တံတောင်အတွင်းဘက်နားမှာ လက်မနဲ့ဖိပေးပါ။ နေ့တိုင်း အချိန်တစ်မိနစ်လောက်ဖိပေးရင် ကိုယ်တွင်းအပူနဲ့အစိုဓာတ်ကို ထွက်ရှိစေပြီး အူလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါ တယ်။ အရည်စုဆောင်းမှုမဖြစ်စေတော့ပါဘူး။

(၅) ခြေကျင်းဝတ်
ခြေသလုံးအတွင်းသား ခြေကျင်းဝတ်နေရာ အထက်ငါးစင်တီမီတာအကွာကို လက်မနဲ့ တစ်နေ့ တစ်မိနစ် ဖိနှိပ်ပေးပါ။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပေးပါ။ ဖိနှိပ်မှုအကူအညီကြောင့် အစာစားချင်စိတ်လျော့ကျပြီး ကျန်းမာနေစေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top