Healthy Life Ad
Q & A

သွားဖာတဲ့အခါ . . .

မေး။ ။ ကျွန်တော်က သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပါတယ်။ သွားဖာတာက နည်းပညာကောင်းနဲ့ ကျွမ်းကျင် မှုရှိရမှာလား။ ရှိရမယ်ဆိုရင် ဘယ်လိုမျိုးလဲ၊ နည်း ပညာကောင်းနဲ့ ကျွမ်းကျင်မှုမရှိရင် သွားဖာတာက ဘယ်လိုဖြစ်သွားနိုင်သလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ သွားဖာတယ်ဆိုလို့ရှိရင် တတ်ကျွမ်းနားလည်တဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ကုသတာက အကောင်း ဆုံးပါပဲ။ သွားအပေါက်နေရာကို ပြုပြင်ပြီး သွားဖာ တာဆိုတော့လုံဖို့ အရေးကြီးပါတယ်။ မလုံလို့ရှိရင် သွားဖာတဲ့နေရာနဲ့ သွားအပေါက်ကြားထဲကို အစာ တွေဝင်ပြီး ဆက်ပြီး ပိုးစားတာဖြစ်သွားတတ်ပါတယ်။ နောက်တစ်ခုက သွားဖာပြီးရင် ဘယ်လောက်အနက်ရှိတယ်၊ ဘယ်လောက်အတိမ်ရှိတယ် . . အဲဒီအပေါ်မှာမူတည်ပြီးတော့ သွားဆရာဝန်က လိုအပ်သလို ကာကွယ်မှုတွေ လုပ်ရပါတယ်။ ဒါတွေကျ တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က အလိုလို လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ မတတ်ကျွမ်းတဲ့ ဆရာဝန်ကျတော့ သွားဖာရင် ပြီးရောလုပ်ရင် အန္တရာယ် ဖြစ်တတ်တယ်။ သွားအပေါက်က အထဲက နာ့ဗ်ကြောတွေနဲ့ ကပ်နေရင် သွားဖာပြီးမှ နာတတ်တယ်။ အဲဒါမျိုးကျတော့ ကြိုတင်အကြောထုတ်ပြီးမှ ဖာရင်ပိုပြီး ကောင်းပါတယ်။ သွားက သိပ်ကောင်းနေလို့ ဖာရုံနဲ့ ရတတ်ပေမယ့် သွားပိုးပေါက်က ကြီးရင် သွားကို စွပ်တဲ့အထိလုပ်မှ တာရှည်သုံးလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top