Healthy Life Ad
Life Style

ပိုင်ဖြိုးသု ၏ ကျန်းမာလှပလူမှုဘဝ

တစ်နေ့တာအတွက် အသားအရေ ထိန်းသိမ်းဖြစ်ပုံလေး ပြောပြပေးပါဦး။
ထွေထွေထူးထူးတော့ မလုပ်ဖြစ်ပါဘူး။ ညဘက်အိပ်ရင် မိတ်ကပ်တွေသေချာဖျက်တယ်။ ညလိမ်းခရင်မ်လိမ်းတယ်။ လိုးရှင်းလိမ်းတယ်။ ရေများများသောက်ဖြစ်ပါတယ်။

အစားအသောက်ကိုရော ဘယ်လိုထိန်းသိမ်းစားဖြစ်လဲ။
အဓိကက အာဟာရဖြစ်စေတာမျိုးကို စားတယ်။ အဆီအအိမ့်တွေရှောင်ဖြစ်တယ်။ အသီး အရွက်ကြော်စားတယ်။ ညဘက်ဆိုရင် အများကြီးမစားဘူး။ ဖျော်ရည်လေး သောက်တာမျိုး၊ အသီးအနှံစားတာမျိုးပေါ့နော်။ အဲဒီလိုလေးတွေ စားဖြစ်တာများပါတယ်။ လေ့ကျင့်ခန်းကတော့ ရေချိုးခါနီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးလုပ်ဖြစ်တယ်။


မိတ်ဆွေအပေါင်းအသင်းတွေကို ကျန်းမာရေး စောင့်ရှောက်ဖို့ ပြောဖြစ်လား။
ပြောဖြစ်တယ်။ မေးလည်း မေးကြတယ်။ အသားအရေထိန်းသိမ်းတာတို့ပေါ့နော်။ နေမကောင်းရင် ဘယ်လိုဆေးလေး သောက်ပေါ့နော်။ သုသုသိသလောက်၊ မှတ်သလောက်ပြောပြဖြစ်တယ်။ လမ်းညွှန်ပေးဖြစ်တယ်။

အနုပညာလှုပ်ရှားမှုတွေလည်း ပြောပြပေးပါဦး။ ကာရိုက်တာတွေရော ဘယ်လိုရွေးချယ်ဖြစ်လဲ။
ဇာတ်လမ်းတွေတော့ ပုံမှန်ရိုက်နေတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေလည်း ရိုက်ပေးဖြစ်တယ်။ ကာရိုက်တာကတော့ သုသုတို့ အနေနဲ့ ရွေးချယ်တာမျိုးတော့ မဟုတ်ပါဘူး။ ကမ်း လှမ်းလာကတည်းက သုသုနဲ့လိုက်မယ်ထင်တာလေးတွေ ကမ်းလှမ်းကြတယ်။ မလိုက်ဖက်တာ မျိုးလေးတွေရှိရင်လည်း အကောင်းဆုံးကြိုးစားလိုက်တယ်။

သုသုရဲ့ အချစ်ရေးလေးလည်း ပြောပြပါဦး။
အချစ်ရေးကတော့ အေးဆေးပါပဲ။ ချစ်သူက သုသုထက် အသက်ကြီးတယ်။ ချစ်သူသက်တမ်းကလည်း ၃နှစ်ကျော်ပါပြီ။

ဆရာဝန်မလုပ်ဖြစ်တော့တာလည်း ပြောပါဦး။
သုသု အနုပညာအလုပ်တွေကို ပိုကြိုးစားပြီး လုပ်ချင်တယ်။ အနုပညာအလုပ်တွေကို ချစ်တယ်။အချိန်တွေ ပေးချင်တယ်။ အဲဒါကြောင့် ဆရာဝန်မလုပ်ဖြစ်တော့တာပါ။

ပရိသတ်အတွက် ကျန်းမာရေးစကား လက်ဆောင်ပြောပေးပါဦး။
အသားအရေတွေအရမ်းမပျက်စီးအောင်လက်ရှည်ပေါ့ပေါ့ပါးပါးလေးတွေဝတ်ပါ။ ရေများများလည်း သောက်ကြပါ။ ရေက သဘာဝ ရဲ့ဆေးတစ်မျိုးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top