Healthy Life Ad
Life Style

ကွန်ပျူတာသမားတို့အတွက် လည်ပင်းနှင့်ပခုံးပြေလျော့သက်သာစေမည့် ဆွဲဆန့်နည်း ခြောက်မျိုး

၊ သဒ္ဒါထက် ၊

ဆွဲဆန့်နည်း (၁) လည်ပင်းဖြေလျှော့ခြင်း
ထိုင်တဲ့ အနေအထား ဒါမှမဟုတ် မတ်တပ်ရပ်တဲ့ အနေအထား ကြိုက်သလိုနေပါ။ ထိုင်ရင် ကြမ်းပြင်ပေါ်မှာ ခြေချိတ်ထိုင်ပါ။ ထိုင်ခုံပေါ်ထိုင်ရင် ခြေဖဝါးကို ကြမ်းပြင်ပေါ် ချထားပါ။

ဘယ်လက်ကို ခေါင်းပေါ်တင်ပြီး ဦးခေါင်းကို ညာကနေ ဘယ်သို့ ဖြည်းဖြည်းချင်း ဆွဲချပေးပါ။ ဆွဲဆန့်တဲ့အရှိန်တိုးအောင် လက်နဲ့ညင်ညင်သာသာဖိပေးပါ။ ပြီးရင် ဘက်ပြောင်းလုပ်ပါ။အနေအထားတစ်မျိုးမှာ စက္ကန့် ၃၀ကြာနေပါ။


ဆွဲဆန့်နည်း (၂) ထိုင်ရင်း လည်ပင်းဆွဲဆန့်ခြင်း
ထိုင်ခုံတစ်လုံး ဒါမှမဟုတ် ကြမ်းပြင်ပေါ် သက်သောင့်သက်သာထိုင်ပါ။ ကျောရိုးကို ဖြောင့်ဖြောင့်ထားပါ။ လက်တွေကိုယှက်ထားပြီး ခေါင်းနောက်ဖက်မှာ ထားကာလက်တွေကို ပေါင်တံဆီ ညင်ညင်သာသာ ဆွဲဖိပါ။ မေးစေ့ကို ရင်ဘတ်ဆီ ဆွဲယူပါ။ အဲဒီအနေအထားနဲ့ အနည်းဆုံး စက္ကန့် ၃၀ကြာထားပြီး ဦးခေါင်းကို ဖြည်းဖြည်းချင်း မြှင့်ပေးပါ။


ဆွဲဆန့်နည်း (၃) ကလေးပုံစံ ဆွဲဆန့်ခြင်း
ကြမ်းပြင်ပေါ်ဒူးထောက်ကာ ဦးခေါင်းကို ကြမ်းပြင်နဲ့ထိပါ။ ဒီအနေအထားလုပ်ချိန်မှာ အသက်ရှူပြီး ကျောရိုးကို ဖြောင့်ဖြောင့်ထားပါ။
လက်တွေကို နောက်ဘက်မှာ လက်သီးဆုပ်ပုံစံယှက်ထားပြီး ကျောပြင်ကနေ နောက်ကို ဆန့်ထုတ်ပါ။ ပြီးရင် အသက်ရှူထုတ်ကာ မူလအနေအထား အတိုင်းပြန်နေပါ။ ဒီဆွဲဆန့်လေ့ကျင့်ခန်းကို ငါးကြိမ် နဲ့အထက်ပြုလုပ်ပါ။


ဆွဲဆန့်နည်း (၄) တံတားပုံစံ ဆွဲဆန့်ခြင်း
တင်ပါးမြှင့်ပေးရင်း လည်ပင်းနောက်ဘက်ကို ဘယ်လောက်အထိ ဆွဲဆန့်နိုင်သလဲဆိုတာ လေ့ကျင့်ရမှာ ဖြစ်ပါတယ်။
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲပြီး ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်မှာ လက်တွေချထားပါ။ ပြီးရင် ဒူးကိုကွေးပြီး ခြေဖဝါးတွေကို ကြမ်းပြင်ပေါ် အပြားလိုက်ချထားပါ။ လက်သီးဆုပ်ပြီး ကြမ်းပြင်ပေါ်ချထားကာ တင်ပါးတွေကို မြှင့်နိုင်သမျှ မြင့်ပေးပါ။


ဆွဲဆန့်နည်း (၅) ကျောပြင်နှင့် လည်ပင်းဆွဲဆန့်ခြင်း
ခြေထောက်တွေကို နည်းနည်းချဲရပ်ပြီးလက် နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်မှာ ချထားပါ။ ပြီးရင်လက်တွေကို နောက်ပစ်ပြီး ဘယ်ဘက် လက်ကောက်ဝတ်ကို ညာဘက်လက်နဲ့ ဆုပ်ကိုင် ထားပါ။ ညာဘက်လက်က ဘယ်ဘက်လက်မောင်းကို ခပ်တင်းတင်းဆွဲပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်ပေးပါ။ လက်ကို တစ်လှည့်စီပြောင်းပေးပါ။


ဆွဲဆန့်နည်း (၆) လည်ပင်းနှင့် ပခုံးဆွဲဆန့် လေ့ကျင့်ခန်း
လည်ပင်း၊ ပခုံးနဲ့ရင်ဘတ်အရှေ့ပိုင်းတွေ အကြောပြေစေဖို့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ရင်း ခြေထောက်တွေ ပေါ်ထိုင်ချပါ။ လက်ဖဝါးတွေကိုကျော ဘက်မှာ ထောက်ထားရင်း ဦးခေါင်းကို နောက်ဘက်သို့ဖြည်းဖြည်းချင်း လှန်ချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top