Healthy Life Ad
Local

ခွင့်မပြုဆိုးဆေးပါသည့် Mikiko တံဆိပ် ချယ်ရီသီးများ ဈေးကွက်မှ သိမ်းဆည်း

– – – – – – – – – – – – – – – — – – – – – – – – – –

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနခွဲ၊ မန္တလေးနှင့် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း အဖွဲ့တို့သည် ၂၄-၅-၁၈ရက်နေ့တွင် မန္တလေးမြို့ ဈေးချိုတော်အတွင်းရှိ ခွင့်မပြုဆိုးဆေးပါဝင်သော အစားအသောက်များ ရောင်းချနေမှုအား စစ်ဆေးခဲ့ ရာ ကျန်းမာရေးနှင့် အားကစားန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်မပြု ဓာတုဆိုးဆေး Rhodamine B ပါဝင်သဖြင့် စားသုံးရန်မသင့်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထား ပြီးဖြစ်သည့် Mikiko အမှတ်တံဆိပ် ချယ်ရီသီးများ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း FDA (မန္တလေး)၏ ထုတ်ပြန်ချက်အရ သိရသည်။

Mikiko အမှတ်တံဆိပ် ချယ်ရီသီးများအား သိမ်းဆည်းခဲ့ပြီး ရောင်းချသည့်ဆိုင်များအား နောက်နောင်တွင် ခွင့်မပြုဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချခြင်းမပြုရန် ဈေးရုံးတွင် သတိပေးပြောကြားခဲ့သည်။ ဆက်လက်ရောင်းချနေမှုများစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၃၀-၅-၂၀၁၈)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top