Healthy Life Ad
Life Style

၀မ်းဗိုက်ချပ်ရပ်စေရန် ရှောင်သင့်သည့်အစားအသောက် ၁၀ မျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ချပ်ရပ်တဲ့ ဝမ်းဗိုက်အလှပိုင်ဆိုင်ချင်ရင် ရှောင်သင့်တဲ့အစားအသောက်တွေ ရှိပါတယ်။

(၁) အယ်လ်ကိုဟောပါသည့် အစားအသောက်များ
အယ်လ်ကိုဟောပါတဲ့ အစားအသောက်တွေက ကယ်လိုရီပါဝင်မှုများပါတယ်။ အယ်လ်ကိုဟောပါတဲ့ အစားအသောက်တွေစားသောက်ရင် အစာစားချင်စိတ်ကို တိုးစေပါတယ်။

(၂) အချိုရည်
ဗိုက်အဆီတွေဖယ်ရှားချင်ရင် အချိုရည်သောက်တဲ့အကျင့်ကို ရပ်ပစ်သင့်ပါတယ်။ ကယ်လိုရီနည်းတဲ့ အချိုရည်တွေသောက်နေရင်တောင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုနှေးစေပြီး အဆီပိုတိုးစေပါတယ်။

(၃) ပီကေ
ပီကေဝါးရင် ဦးနှောက်နဲ့ အစာအိမ်ကနေ အစာစားဖို့ပြင်ဆင်သလို ဖြစ်စေပါတယ်။ ပီကေက အစာအိမ်အက်ဆစ် အထွက်များစေတဲ့အတွက် ဗိုက်ဆာစေပါတယ်။

(၄) အဆင်သင့်အစာ
အဆင်သင့်အစာမှာ ကယ်လိုရီပါဝင်မှုများတာကြောင့် ဗိုက်ပူတာအပြင် ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။

(၅) ဆိုဒီယမ်များသော အစာများ
သွေးတိုးနေရင် ဆားကိုလျှော့ချသင့်ပါတယ်။ ဆိုဒီယမ်များတဲ့အစာတွေက ကျန်းမာရေးကို ထိခိုက်စေရုံသာမက အရည်စုဆောင်းစေတဲ့အတွက် ဗိုက်ပူစေပါတယ်။

(၆) မရွန်းနိစ် (Mayonnaise)
မရွန်းနိစ်မှာ အဆီအနည်းဆုံး ၈၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဗိုက်ပူစေပါတယ်။ အကောင်းဆုံးကတော့ မရွန်းနိစ်အစား သဘာဝခရမ်းချဉ်သီးအချဉ်ကိုသုံးပြီး ဟင်းရွက်သုပ်ပါ။

(၇) အာလူးချောင်းကြော်
အာလူးချောင်းကြော်တွေက ပြည့်ဝဆီတွေကို စုပ်ယူထားတဲ့အတွက် စားလိုက်ရင် အဆီတက်စေတာဖြစ်ပါတယ်။

(၈) ရေခဲမုန့်
သကြားပါတဲ့ ရေခဲမုန့်လိုအစာတွေက ဝမ်းဗိုက်မှာ အဆီစုစေနိုင်ပါတယ်။

(၉) လေပွစာများ
အပိန်ဆုံးလူတွေတောင် လေထစေတဲ့ အစာတွေစားမိရင် ဗိုက်ပူနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို လေထ၊ လေပွစေတဲ့ အစာတွေကိုရှောင်ပါ။

(၁၀) သကြားကဲသော အစာများ
သကြားပါဝင်မှုများတဲ့ အစာတွေစားရင် ဗိုက်ပူစေနိုင်တာကို သတိထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top