Healthy Life Ad
Q & A

သွားတုသက်တမ်း

မေး ။ ကျွန်တော်က သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ပါးစပ်ထဲကရှိတဲ့ သွားတွေအနက် သွားတစ်ချောင်းကို သွားတုနဲ့ ပြုလုပ်ပြီး အစွပ်စွပ်တဲ့အခါမှာ အဲဒီသွားတုသက်တမ်းက နှစ်နှစ်-သုံးနှစ်ခံပြီး အစွပ်စွပ်ထားတဲ့ သွားတုကိုဖြုတ်ပြီး အသစ်တစ်ဖန်ပြန်ပြီး သွားတု တစ်ချောင်းကို စွပ်ထားရတယ်လို့သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ နှစ်ရှည်ကြာခံသွားတုရှိပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ သဘာဝသွားကလည်း ဝါးပါများရင် ပြုန်းသွားပါတယ်။ သဘာဝသွားကလည်း တစ်သက်လုံးခံတယ် ဆိုတာ မရှိပါဘူး။ အဲဒီလိုပါပဲ သွားအတုကလည်း ကြိမ်ဖန်များစွာ ဝါးနေရင် ပြုန်းပြုန်းလာပါတယ်။ သွားတုက ကြွေနဲ့လုပ်ထားရင် ပြုန်းပြုန်းလာရင်း ကြွေကုန်သွားတဲ့အခါ အထဲမှာ သတ္တုပေါ်လာပါတယ်။ တခြားအမျိုးအစားနဲ့ လုပ်ရင်လည်း ပြုန်းတာပါပဲ။ ဒါက ကိုယ်စားတဲ့ ဝါးတဲ့ အပေါ်မူတည်ပြီးတော့ ပြုန်းတဲ့အချိန် ကွာဟချက်ရှိပါလိမ့်မယ်။ ကိုယ်ဝါးတဲ့ အားက သိပ်မပြင်းဘူးဆိုရင် သိပ်မပြုန်းဘဲ ခိုင်နေ တတ်ပါတယ်။ အံသွားတွေမှာဆိုရင် ပိုပြီး ပြုန်းလွယ်တယ်၊ ပိုပါးလွယ်တယ်၊ ပိုနိမ့်လွယ်ပါတယ်။ ဒါက သဘာဝတရားပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top