Healthy Life Ad
Life Style

ခြေဆီအထွက်များပြီး ခြေထောက်အနံ့ဆိုးထွက်နေသူတို့အတွက် အိမ်တွင်းကုထုံး

၊ လရိပ်မေ ၊

ခြေထောက်ကနေ ချွေးနဲ့အဆီတွေအထွက်များပြီး အနံ့ဆိုးထွက်တာကို ခြေဆီထွက်တယ်လို့ ခေါ်ကြပါတယ်။ ခြေဖဝါးမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ထွက်တဲ့ချွေးတွေပေါင်းစပ်ရာက အနံ့ဆိုးထွက်ရှိတာဖြစ်ပါတယ်။ ခြေဆီအထွက်များပြီး အနံ့နံနေရင် ကာယကံရှင်ရော ဘေးပတ်ဝန်းကျင်ကလူတွေပါ စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် အိမ်မှာ မိမိဘာသာလုပ်ဆောင်နိုင်တဲ့ အလွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခြေဖဝါးကို ပုံမှန်ဆေးကြောသန့်စင်ပေးပါ။ ခြေဖဝါးကို ရေချိုးချိန်မှာသာမက အပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာ ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။

(၂) ခြေစွပ်ဝတ်မယ်ဆိုရင် ချည်သားနဲ့လုပ်ထားတဲ့ အမျိုးအစားကိုရွေးချယ်ပါ။ နိုင်လွန်နဲ့လုပ်ထားတဲ့ ခြေစွပ်ကိုရှောင်ပါ။

(၃) ရှူးဖိနပ်ထဲမှာ ပေါင်ဒါမှုန့်ဖြူးထားပါ။ တကယ်လို့ ရှူးဖိနပ်မှာ ခြေဆီနံ့စွဲနေရင် တစ်ရက်လောက်နေပူလှန်းထားပြီးမှ စီးသင့်ပါတယ်။

(၄) ခြေထောက်က အနံ့နံနေရင် ညနေအိမ်ပြန်ရောက်ချိန်မှာ ဆား ဒါမှမဟုတ် ဆော်ဒါမှုန့် ဒါမှမဟုတ် ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းထည့်ထားတဲ့ ရေဇလုံထဲမှာ ခြေထောက်ကိုစိမ်ပေးပါ။ ပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top