Healthy Life Ad
Life Style

ဗိုက်ချပ်စေမည့် တစ်မိနစ် လေ့ကျင့်ခန်း

၊ သဒ္ဒါထက် ၊

ဝမ်းဗိုက်ချပ်ရပ်ပြီးကြည့်ကောင်းချင်တာ လူအများစုရဲ့ အိပ်မက်ပါ။ ၁၄ ရက်အတွင်း ရိုးစင်းတဲ့ လေ့ကျင့်နည်းတစ်ခုကို ပြုလုပ်ပေးရင် ခါးနဲ့ ဗိုက်တစ်ဝိုက်က အဆီတွေကို လျော့ကျစေမှာဖြစ်ပါတယ်။

(၁) ခြေထောက်တွေကို ပခုံးအကျယ်အတိုင်း ချဲပြီး မတ်မတ်ရပ်ပါ။ ပဝါတစ်စကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ကိုယ့်ရှေ့မှာ ဒေါင်လိုက် ကိုင်ထားပါ။ ပြီးရင် လက်ကောက်ဝတ်ကို မလျှော့ချဘဲနဲ့ လက်မောင်းတွေကိုဆန့်ထုတ်ပြီး ခန္ဓာကိုယ်ရဲ့ ညာဘက်ကိုစောင်းပေးပါ။ ပြီးရင် အပေါ်မြှောက်ပေးပါ။ ပဝါကိုကိုင်ထားရင်း လက်မောင်းတွေကို မြှောက်လိုက်၊ ခန္ဓာကိုယ်ဘယ်ဘက်စောင်းချလိုက်လုပ်ပေးပါ။

(၂) လက်မောင်းအနေအထားပြောင်းရင်း ဆန့်ကျင်ဘက်လားရာမှာ စက်ဝိုင်းပုံစံလှည့်ပေးပါ။

(၃) လက်မောင်းကို လှုပ်ရှားတိုင်း ခြေထောက်တွေကိုပါ လိုက်လံလှုပ်ရှားပေးပါ။ တင်ပါးကိုအလွန် အမင်း မရမ်းခါပါနဲ့။ ပုံ(၃)အတိုင်း မုန့်ကြိုးလိမ် ပုံစံမျိုးနဲ့ လှည့်ပေးရမှာ ဖြစ်ပါတယ်။

မှတ်ချက်
ဒီလေ့ကျင့်ခန်းက အချိန်တစ်မိနစ်ပဲကြာသင့်ပါတယ်။ စစချင်း တစ်နေ့မှာ ၂-၄ကြိမ်ပြုလုပ်သင့် ပြီးနောက်ပိုင်းမှာ ၂-၃ မိနစ်အထိ တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားသင့်ပါတယ်။

– ဒီလေ့ကျင့်ခန်းလုပ်တာကြောင့် ခါးနောက် ကျောရှိ ကြွက်သားတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အကျိုးသက်ရောက်မှုရှိစေပြီး လက်မောင်း ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

– ဘာအစာမှ မစားခင် ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးရင် ကိုယ်တွင်းစနစ်ကိုသန့်စင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top