Healthy Life Ad
Health Tips

သလဲသီးအကြောင်း သိကောင်းစရာ ၁၀ ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) အာဟာရဓာတ် ရရှိစေပါတယ်
သလဲစေ့တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ၃၀ရာခိုင်နှုန်း၊ ဗီတာမင်ကေ ၃၆ ရာခိုင်နှုန်း၊ ဗီတာမင် B916 ရာခိုင်နှုန်းနဲ့ ပိုတက်ဆီယမ် ၁၂ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။

(၂) သွေးတိုးကျစေပါတယ်
သလဲသီးဖျော်ရည်ကို ပုံမှန်သောက်တာကြောင့် နှစ်ပတ်အတွင်း သွေးဖိအားလျော့ကျစေပါတယ်။

(၃) အဆစ်ရောင်နာနဲ့ အဆစ်နာကျင်မှုကိုတွန်း လှန်ပေးနိုင်ပါတယ်
သလဲသီးဟာ အဆစ်တွေကို ထိခိုက်စေတဲ့ အင်ဇိုင်း ဖြစ်ပေါ်မှုကိုဟန့်တားပေးနိုင်ပါတယ်။

(၄) မှတ်ဉာဏ်ကောင်းမွန်စေပါတယ်
သလဲသီးစားပေးရင် မှတ်ဉာဏ်ကောင်းပြီး အယ်လ်ဇိုင်းမားရောဂါအဆင့် မတိုးအောင် ကူညီနိုင်တယ်လို့ဆို ကြပါတယ်။

(၅) နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်
သလဲသီးဟာ သွေးတွင်း ကိုလက်စထရောပမာဏကို လျော့ကျစေပြီး သွေးလှည့်ပတ်မှုကို ဟန်ချက်ညီစေပါတယ်။

(၆) သဘာဝအင်ဆူလင် ဖြစ်ပါတယ်
သလဲသီးဟာ ဆီးချိုရောဂါရှိသူတွေ စားနိုင်တဲ့ သရေစာဖြစ်ပါတယ်။

(၇) ဟေမိုဂလိုဘင်အဆင့်ကို တိုးစေပါတယ်
သလံသီးစားရင် သွေးအားနည်းရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။ သွေးအားနည်းသူတွေဟာ သလဲသီးဖျော် ရည်သောက်ပေးသင့်ပါတယ်။

(၈)ကင်ဆာအန္တရာယ်ကို လျော့စေပါတယ်
သလဲသီးမှာဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာလို ကင်ဆာရောဂါတွေကို တွန်းလှန်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၉) ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးဝင်တာကို တွန်းလှန်ပေးပါတယ်
သလဲသီးမှာပါတဲ့ အာဟာရဓာတ်တွေကဖန်းဂတ်စ်မှို နဲ့ ဘက်တီးရီးယားပိုးတွေလို အန္တရာယ်ရှိတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၁၀) လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိရောက်စေပါတယ်
လေ့ကျင့်ခန်းမလုပ်ခင် သလဲသီးစားပေးရင်လေ့ကျင့်ခန်းလုပ်တဲ့အခါ သက်လုံပိုကောင်းစေပြီး ရလဒ်ကောင်း တွေကို ပိုမိုရရှိအောင်မြင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top