Healthy Life Ad
Health Tips

အမြဲလန်းဆန်းတက်ကြွတဲ့ အသွင်ပိုင်ဆိုင်ဖို့ အလွယ်နည်း


(၁) ငါးစားပါ
ငါးမှာပါတဲ့ အဆီဓာတ်က ခန္ဓာကိုယ်အတွက် အကောင်းဆုံး ဖြည်စွက်အာဟာရတစ်မျိုးပဲဖြစ်ပါတယ်။


(၂) လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သင့်အတွက်မလိုလားအပ်တဲ့အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

(၃) အိပ်ရေးဝ၀ အိပ်စက်ပါ
အိမ်ရေးဝအောင်အိပ်ဖို့မမေ့ပါနဲ့။ တစ်နေ့ကို အိပ်ချိန် ၈နာရီပြည့်ဝဖို့လိုပါတယ်။ တကယ်လို့ အလုပ်အရမ်းရှုပ်ပြီး အိပ်ရေးပျက်တဲ့ညတွေများလာခဲ့ရင် အိမ်ရာမဝင်ခင် မဂ္ဂနီဆီယမ်ပါတဲ့ အားဆေးတစ်မျိုးသောက်ကြည့်ပါ။ အိပ်ပျော်သွားတဲ့ ခဏမှာ ကြက်သားတွေကို ပြေလျော့ပြီး အနားရစေမှာဖြစ်ပါတယ်။

(၄) နံနက်စာကို ပြည့်ပြည့်ဝ၀စားပါ
လူအများစုက မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့တင် ပြီးသွားတတ်ပါတယ်။ ကော်ဖီသောက်လိုက်တာကို မနက်စာစားတယ်လို့ မခေါ်ပါဘူး။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်စုံလင်အောင် စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top