Healthy Life Ad
International

၂၁နှစ်အရွယ်ရှိကမ္ဘာ့အသက်အကြီးဆုံးအရွယ်မတိုင်ခင်အိုမင်းသည့်ရောဂါဝေဒနာရှင်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ ရူးပပ်ရှ်ကူးမားဟာ Hutchin-son-Gilford progeria ခေါ်တဲ့ အရွယ်မတိုင်ခင် အိုမင်းတဲ့ရောဂါခံစားနေရပါတယ်။လူ ၈ သန်းမှာ တစ်ယောက်ခန့်သာ ဖြစ်ပွားလေ့ရှိတဲ့ ရှားပါးရောဂါကြောင့် သူ့ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ရှစ်ဆ ပိုမိုအိုမင်းနေပါတယ်။ သိရှိရသမျှ ကမ္ဘာ့အသက်အကြီးဆုံး ရောဂါဝေဒနာရှင် အဖြစ် သတ်မှတ်ခံရပြီး ကူးမားရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ၄၂ ပေါင်သာရှိပါတယ်။

ကူးမားဟာ အသက် ၂ နှစ်အရွယ်ကတည်းက ရောဂါဝေဒနာတွေ စတင်ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ကြီးထွားနှုန်းရပ်တန့်တာ၊ ဆံပင်ကျွတ်တာ၊ ပါးရေတွန့်တာ၊ သွားကျိုးတာ၊ မျက်တွင်းဟောက်ပက်ဖြစ်တာတို့ ခံစားခဲ့ရပါတယ်။ မျိုးဗီဇဖောက် ပြန်တာကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ဒီရောဂါမျိုးအတွက် ကမ္ဘာမှာ ကုထုံးမရှိသေးဘဲ ဝေဒနာရှင်တွေဟာ အများအားဖြင့် အသက် ၁၃-၁၅ နှစ်အရွယ်မှာ သေဆုံးလေ့ရှိပါတယ်။ ကူးမားကတော့ ပုံမှန်ထက်ရှည်ကြာပြီး အသက် ၂၁ နှစ်အရွယ်အထိ အသက်ရှင်သန်နေတာဖြစ်ပါတယ်။

ဆင်းရဲတဲ့ လယ်သမားဖခင်ကတော့ သူ့သားကို ဆပ်ကပ်တစ်ခုက လာရောက်ငှားရမ်းခဲ့ပေမယ့် လက်မခံခဲ့ကြောင်း ပြောပြပါတယ်။ ကူးမားရဲ့ ဆေးကုသစရိတ်နဲ့ စောင့်ရှောက်စရိတ်တွေ အတွက် အခက်အခဲရှိတာကြောင့် အစိုးရနဲ့လူမှုရေးပရဟိတအဖွဲ့တွေဆီကနေတဆင့် အထောက်အပံ့ရရှိဖို့ မျှော်လင့်နေကြောင်း ပြောပြခဲ့ပါတယ်။
(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top