Healthy Life Ad
International

စိတ်ကောက်လွန်းတဲ့ခင်ပွန်း နှစ်၂၀ကြာမှ ဇနီးဖြစ်သူကို စကားပြော

၊ မိုးမင်းထွန်း ၊

ဂျပန်နိုင်ငံမှခင်ပွန်း တစ်ယောက်ဟာ နှစ်၂၀ ကြာမှ ဇနီးဖြစ်သူကို စကားပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ ကလေး သုံးယောက်ဖခင်အိုတူက သားသမီးတွေကိုသာ စကားပြောခဲ့ပြီး ဇနီးဖြစ်သူကိုစကား မပြောတာကြာခဲ့ပါပြီ။

ကလေးတွေက မိဘနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် စကားပြောတာ ဘယ်တုန်းကမှမမြင်ဖူးခဲ့ပါဘူး။ ဇနီးဖြစ်သူကာတာရာ မယုမီက ခင်ပွန်းကို ပုံမှန်စကားပြောပေမယ့် ခေါင်းငြိမ့်ခေါင်းခါလောက်သာ တုန့်ပြန်မှုရခဲ့ပါတယ်။ သူတို့ရဲ့အငယ်ဆုံးသား အသက် ၁၈နှစ်အရွယ် ယိုရှီကီက သူတို့မိသားစု ပြဿနာကို ရုပ်မြင်သံကြား အစီအစဉ်တစ်ခုထံ စာရေးအကြောင်းကြားခဲ့ပြီး ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်က သူတို့စုံတွဲကို ပန်းခြံထဲမှာတွေ့ဆုံစေခဲ့ပြီး ပြဿနာကိုဖြေရှင်းခိုင်းခဲ့ရာမှာတော့ အိုတူက ဇနီးကို စကားပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ သူက ကလေးတွေကို မနာလိုဖြစ်ပြီး စိတ်ကောက်နေတာလို့ ဇနီးဖြစ်သူကို ပြောခဲ့ပါတယ်။ ခက်ခဲတဲ့ကာလတွေကို သည်းခံခဲ့တဲ့ ဇနီးဖြစ်သူကို ကျေးဇူးတင်ကြောင်းနဲ့ အခုကစပြီး စကားပြန်ပြောတော့မယ်လို့ အိုတူကပြောဆိုခဲ့ပါတယ်။

ကလေးတွေ မွေးဖွားလာတဲ့အခါမှာ ဇနီးဖြစ်သူက ကလေးတွေကိုသာ အာရုံစိုက်နေတာကြောင့် စိတ်ကောက်နေတာဖြစ်ကြောင်း အိုတူက အစီအစဉ်တင်ဆက်သူကို နောက်ပိုင်းမှာ ဝန်ခံပြောဆိုပါတယ်။ မိဘနှစ်ပါးစကား ပြောနေတာကိုတွေ့ရှိရတဲ့ သားသမီးတွေက ပျော်ရွှင်မှုနဲ့ မျက်ရည်ကျခဲ့ကြကြောင်းလည်း သိရပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top