Healthy Life Ad
International

၁၁လအတွင်း ကလေး၄ယောက်မွေးသည့် မိခင်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်မှ မိခင်တစ်ယောက်ဟာ ၁၁လတာအတွင်း ကလေး ၄ယောက် မွေးဖွားခဲ့ပါတယ်။ ဆွမ်ဆီးမှာနေထိုင်တဲ့ ဘက်ကီဂျွန်ဆင်မှာ အသက် ၉နှစ်အရွယ်သမီးတစ်ယောက်ရှိပြီး ၂၀၁၅၊ ဖေဖော်ဝါရီလက မြလို့အမည်ရတဲ့ ကလေးတစ်ဦးကို ထပ်မံမွေးဖွားခဲ့ပါတယ်။

မြနဲ့ကစားဖော်ရအောင် ရွယ်တူတခြားကလေး တွေလိုချင်တာကြောင့် နောက်ထပ်ကိုယ်ဝန်ရအောင် ဆုံးဖြတ်ခဲ့ရာ မြမွေးဖွားပြီး တစ်ပတ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ အံသြစရာကောင်းတာက ကိုယ်ဝန်အသစ်က သုံးမြွှာပူးဖြစ်နေခဲ့တာပါပဲ။ မိတ်ဆွေတွေတောင် မယုံမကြည်ဖြစ်ခဲ့ပြီး သူကိုယ်တိုင်တောင် အလွန်အံအားသင့်ခဲ့ရတယ်လို့ ဘက်ကီကပြောပါတယ်။

ကလေးတွေက ကိုယ်ပိုင်မျိုးဥကိုယ်စီနဲ့ဖြစ်ကြပြီး ဒီပုံစံက သုံးမြွှာပူးတွေအတွက် အန္တရာယ်အကင်းဆုံးဖြစ်ကာ ကိုယ်ပိုင်အချင်းကိုယ်စီရှိကြမှာပါ။အချင်းမျှဝေသုံးစွဲရတာကြောင့်ဖြစ်တဲ့ ပြဿနာတွေ ကင်းစင်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။၂၀၁၆၊ ဇန်နဝါရီလက ဘက်ကီဟာ အမြွှာကလေး ၃ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးသုံး ယောက်လုံးဟာ ကျန်းကျန်းမာမာရှိကြပြီး မြနဲ့အတူ အသက်ချင်းမကွာဘဲ အတူတကွကြီးပြင်းကြမှာ ဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်ရကြောင်းဘက်ကီက ပြောပြပါတယ်။

(Ref; NYPost)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top