Healthy Life Ad
Life Style

အိမ်ထောင်သည်တို့အတွက် လိင်ကိစ္စကိုဟန့်တားနေသောကျန်းမာရေးပြဿနာများ

၊ ကိုထက် ၊

လိင်ကိစ္စကို အနှောင့်အယှက်ဖြစ်စေတတ်တဲ့ ကျန်းမာရေးပြဿနာတွေက အာဟာရချို့တဲ့တာ၊ ဟော်မုန်းမမျှတတာ၊ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းကြေကွဲတာနဲ့ ရောဂါဝေဒနာ ခံစားရတာတွေပဲ ဖြစ်ပါတယ်။

အာဟာရချို့တဲ့မှု
အာဟာရချို့တဲ့တာဟာ အမျိုးသားတွေမှာ သုက်လွှတ်နိုင်စွမ်း မရှိတာနဲ့ အဓိက ဆက်စပ်နေပါတယ်။ အဓိက အနေနဲ့ ဇင့်ဓာတ်၊ ဗီတာမင် B6 နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ လိုအပ်နေပါတယ်။ ဇင့်ဓာတ် ချို့တဲ့မှုကြောင့် အမျိုးသားတွေမှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို နှေးစေသလို နောက်ပိုင်းအချိန်မှာ ဆီးကျိတ်ဂလင်း ကြီးမားစေနိုင်ပါတယ်။

ဟော်မုန်း မမျှတခြင်း
ဟော်မုန်း မမျှတတာ၊ အထူးသဖြင့် ဒိုပါမင်း ဟော်မုန်းချို့တဲ့တာ ဒါမှမဟုတ် ပိုလျှံတာတွေဟာလည်း မူးယစ်ဆေးစွဲတာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနဲ့ လောင်းကစား စွဲလန်းတာတို့လို စွဲလန်းမှု ပြဿနာတွေကို ဖြစ်စေနိုင်သလို ကြမ်းတမ်းတာ၊ ရန်လိုတာနဲ့ အာရုံစူးစိုက်မှုချို့တဲ့တာတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အောက်ဆီတိုစင်ဟော်မုန်းကလည်း လိင်ဆန္ဒအပေါ် သက်ရောက်မှု ရှိပါတယ်။

စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုနဲ့ ဒေါသတွေကို ဖြေလျှော့မှု မလုပ်ဘဲအိပ်ရာဝင်တာ၊ စိတ်တိုစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြည့်တာတွေကြောင့် လိင်ဆန္ဒလျော့နည်းတာကို ယာယီဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုများနေရင် ရေစိမ်ကန်ထဲ ၁၀ မိနစ်လောက် စိမ်ချိုးတာကြောင့် အပန်းပြေစေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

ရောဂါဝေဒနာများ
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးကျိတ်ပြဿနာနဲ့ပန်းသေပန်းညှိုးရောဂါတို့လို အခြေခံ ရောဂါဝေဒနာတွေကြောင့်လည်း လိင်ဆန္ဒလျော့နည်းတတ်ပါတယ်။ ကင်ဆာ၊ လိင်အင်္ဂါအစိတ်အပိုင်း ပိုးဝင်တာ တို့ကြောင့်လည်း လိင်ဆန္ဒကို ထိခိုက်စေနိုင်ပါတယ်။

လိင်ဆန္ဒအထောက်အကူပြု အောက်ဆီတိုစင်ဓာတ်အကြောင်း
အောက်ဆီတိုစင်ဟာ စိတ်ဖိစီးမှုဟော်မုန်းရဲ့ သက်ရောက်မှုကိုတွန်းလှန်ပေးနိုင်ပါတယ်။ စိတ်ဖိစီး မှုလျော့နည်းတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ပြန်လည်ကောင်းမွန်လာပြီး အနာကျက်မြန်စေပါတယ်။ အောက်ဆီတိုစင်ဟာ ဆီးကျိတ်နဲ့ ရင်သားကင်ဆာ အကျိတ်တွေကို မကြီးထွားအောင်ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။

စုံတွဲတွေ အချင်းချင်း မကြာခဏ ဖက်ပွေ့တာကြောင့် သွေးတိုးကိုကျစေပြီး အောက်ဆီတိုစင် ကိုအထွက်တိုးစေပါတယ်။

အောက်ဆီတိုစင်ဟော်မုန်းဟာ သွေးတွင်းပိုးဝင်တာကြောင့် အင်္ဂါအစိတ်အပိုင်း ထိခိုက်မှု မဖြစ်စေဖို့ အကာအကွယ်ပေးပါတယ်။

နမ်းရှုံ့တာကြောင့်ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ ဓာတ်မတည့်မှုကို ကာကွယ်ပေးသလို အနာကျက်မြန်စေပြီး ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

နှိပ်နယ်တာကြောင့် အယ်လ်ကိုဟော အဆိပ်သင့်တဲ့ဝေဒနာကိုလျော့ပါးစေပြီး အောက်ဆီတိုစင် အထွက်တိုးစေပါတယ်။

အောက်ဆီတိုစင်ဟာ စိတ်ဖိစီးမှု၊ ပူပင်သောက ကိုလျော့ပါးစေပါတယ်။

အောက်ဆီတိုစင်ဟာ သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်ထဲမှာလည်း အရေးပါပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top