Healthy Life Ad
Life Style

ချစ်စနိုးဦး၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာ အသားအရေ ထိန်းသိမ်းတဲ့ ပုံစံလေး ပြောပြပေးပါအုံး။

မနက်ပိုင်းဆိုရင် ဘာမှလုပ်စရာမရှိရင် မျက်နှာမှာ ဘာမှသိပ်မလိမ်းဖြစ်ဘူး။ ခန္ဓာကိုယ်အတွက်တော့ Body Lotion လိမ်းဖြစ်တယ်။ မျက်နှာကို Day Cream လိမ်းတယ်။ ညဘက်ဆိုရင် မျက်နှာက မျက်လုံးနားတွေမှာ အရေးကြောင်းလေးတွေ ဖြစ်ချင်လာတော့ Eye cream လိမ်းတယ်၊ Night cream လိမ်းတယ်။ Body Lotion ကတော့ အမြဲသေချာ လိမ်းဖြစ်ပါတယ်။

– ကျန်းမာရေးနဲ့ အလှအပအတွက် လိုက်နာဖြစ်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါဦး။

ခန္ဓာကိုယ်ကတော့ အစားအသောက်နဲ့ ထိန်းတယ်။ လေ့ကျင့်ခန်းကို အရင်ကတော့ လုပ်တယ်။ အခုက မအားတာတွေနဲ့ သိပ်မလုပ်ဖြစ်ဘူး။ လေ့ကျင့်ခန်းက အနည်းဆုံး သုံးလလောက်ကစားမှ ကျစ်တာလေ။ အဲဒီလောက်မကစားနိုင်ရင် ဝလာတာဆိုတော့ သိပ်မဆော့ဖြစ်ဘူး။ နောက်ပိုင်း အားရင်တော့ လေ့ကျင့်ခန်းပြန်လုပ်ဖြစ်မှာပါ။

– အစားအသောက်ကိုရော ကျန်းမာရေး နဲ့ညီညွတ်အောင် စားလေ့ရှိလား။

ဝက်သား၊ ဝက်ဆီလိုမျိုး အဆီများတာ၊ ဝစေတာမျိုးတွေမစားဘူး။ ညစာ မစားဘူး။ ဝတယ်ဆိုတာက ညစာကြောင့် ဝတာ၊ ညစာစားပြီးတာနဲ့ အိပ်တယ်။ လှုပ်ရှားမှုမရှိဘူးလေ။ မနက်ဘက်ကျတော့ ဘယ်လောက်ပဲစားစား လှုပ်ရှားမှုရှိတော့ သိပ်မဝဘူး။ အဲဒါကြောင့် ညဘက်ထမင်း မစားဘူး။ အသီးအရွက်တော့ စားဖြစ်တယ်။

– ကိုယ့်ဆွေမျိုး၊ မောင်နှစ်မတွေကိုရော ဘယ်လိုကျန်းမာရေး အကြံပြုပေးလေ့ရှိလဲ။

လူတစ်ယောက်မှာ ကျန်းမာရေးကောင်းတာကတော့ အကောင်းဆုံးပဲ။ ကျန်းမာရေးကောင်းတာက လာဘ်ကြီးတစ်ပါးရသလိုပါပဲ။ အရင်ကတော့ ကျန်းမာရေး အကြောင်းကို သိပ်အလေးအနက် မထားဖြစ်ခဲ့ဘူး။ အဖေက ကျန်းမာရေးမကောင်းဖြစ်လာတော့မှ ကျန်းမာရေးဆိုတာ တကယ့်ကို အရေးကြီးတယ်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း နေထိုင်စားသောက်သင့်တယ်ဆိုတာမျိုးကိုသိလာတယ်။ အဲဒါကြောင့် ဆွေမျိုးမောင်နှမတွေကိုလည်း ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်စားသောက်ဖို့ ပြောဖြစ်ပါတယ်။

– ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်

အခုခေတ်က အစားအသောက်တွေမှာ ဓာတုဗေဒပစ္စည်းတွေပါတာများတော့ အစားအစာတွေကို ဆင်ခြင်ပြီးစားသင့်တယ်။ အသီးအရွက်တွေမှာတောင် ဓာတုဆေးဝါးတွေ၊ ပိုးသတ်ဆေးတွေသုံးပြီး စိုက်ပျိုးကြတာဆိုတော့ ဆားရေစိမ်ပြီး ဆေးတာမျိုး၊ သေချာကျက်အောင် ချက်ပြုတ်စားတာမျိုးနဲ့ ရေထဲမှာကြာကြာ စိမ်ထားပြီးမှ ချက်ပြုတ်စားသောက်ကြဖို့ကို အကြံလေးပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top