Healthy Life Ad
Life Style

သင် မကြားဖူးသေးလောက်သည့် အုန်းဆီ၏ အသုံးဝင်နည်း ၂၀

၊ လရိပ်မေ ၊

အုန်းဆီမှာဖက်တီးအက်ဆစ်ပါဝင်မှုများပြီး ကျန်းမာရေးနဲ့အလှအပအတွက် အသုံးဝင်တာတွေရှိပါတယ်။

(၁) အနာ ဒါမှမဟုတ် အရေပြားပြတ်ရှရာဖြစ်ပေါ်တဲ့အခါ အရေပြားပေါ်မှာ အုန်းဆီလိမ်းပေးပါ။ အုန်းဆီက အနာကျက်မြန်စေပါတယ်။

(၂) အုန်းဆီ ထမင်းစားဇွန်းတစ်ဇွန်းကို ရေထဲမှာဖျော်ပြီး မနက်ခင်းတွေမှာ ပလုတ်ကျင်းပေးပါ။ ခံတွင်းအနံ့ ဆိုး ကင်းစင်ပြီး သွားချေးဖတ်တွေကို ကွာကျစေပါတယ်။

(၃) ရောင်ရမ်းမှုဖြစ်ပေါ်တဲ့အခါ အုန်းဆီကို သုံးပါ။ အင်းဆက်ပိုးမွှားအကိုက်ခံရတာနဲ့ အရေပြားအပူ လောင်တဲ့အခါထိခိုက်နေတဲ့ အရေပြားပေါ် အုန်း ဆီပွတ်လိမ်းပေးရင် ရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။

(၄) ဖျားတဲ့အခါ ဒါမှမဟုတ် နာကျင်ကိုက်ခဲတဲ့အခါ အုန်းဆီသုတ်လိမ်းပေးပါ။

(၅) အုန်းဆီလိမ်းပေးရင် ခြင်မကိုက်အောင် ဟန့်တားပေးပါတယ်။

(၆) အရေပြားပေါ် အုန်းဆီလိမ်းပေးတဲ့အခါ အရေပြားကိုစိုပြည်စေပါတယ်။ အထူးသဖြင့် အုန်းဆီ စွတ်ထားတဲ့ ဝါဂွမ်းစလေးနဲ့ မျက်နှာအရေပြားကို တစ်နေ့တစ်ခါ ပွတ်ပေးပါ။

(၇) မျက်နှာပေါ်က အရေးကြောင်းတွေကို တွန်းလှန်နိုင်ဖို့ အရေးကြောင်းထင်လွယ်တဲ့ နှုတ်ခမ်းတစ်ဝိုက်နဲ့ မျက်ဝန်းတစ်ဝိုက်ကို အုန်းဆီ လိမ်းပေးပါ။

(၈) အိပ်ရာမဝင်ခင် မျက်ဝန်းတစ်ဝိုက်ကို အုန်းဆီ လိမ်းပေးရင် အရေးကြောင်းထင်တာ သိသိသာသာ လျော့ပါးသွားပါလိမ့်မယ်။

(၉) အုန်းဆီလိမ်းရင် ဦးရေပြားရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဦးရေပြားမှာ ဗောက်ထပြီး ယားယံနေရင် အုန်းဆီလိမ်းပေးပါ။

(၁၀) အုန်းဆီက ဆံပင်သားကျန်းမာရေးနဲ့ အလှအပအတွက် ထိရောက်မှုရှိပါတယ်။ အုန်းဆီကို ဆံပင်အရင်းအမြစ်ထဲ ပွတ်လိမ်းပေးပြီး နာရီဝက်-တစ်နာရီလောက်ထားပါ။ ပြီးမှ ရှမ်ပူနဲ့ ခါတိုင်းလို ခေါင်းလျှော်ပေးရပါမယ်။

(၁၁) အုန်းဆီကို နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးရင် နှုတ်ခမ်းအက်ကွဲတာကို သက်သာစေပြီး နှုတ် ခမ်းသားကို တင်းရင်းစိုပြည်စေပါတယ်။

(၁၂) အုန်းဆီလိမ်းပေးရင် လက်သည်းခြေသည်းတွေ ခြောက်သွ့တာနဲ့ ကွဲထွက်တာကို သက်သာစေပါတယ်။

(၁၃) အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ကော်ဖီမှုန့် ထမင်းစားဇွန်းတစ်ဇွန်းတို့ကိုရောမွှေပြီး ခန္ဓာကိုယ် အရေပြားမှာ သုတ်လိမ်းပေးရင် ကြေးကျွတ်စေပါတယ်။ ကော်ဖီမှုန့်အစား ပင်လယ်ဆားကိုလည်း အသုံးပြုနိုင်ပါတယ်။

(၁၄) လက်တံတောင်ဆစ်၊ ခြေဖနောင့်နဲ့ ဒူးနေရာတွေမှာ အုန်းဆီသုတ်လိမ်းပြီး ပွတ်သပ်ပေးတာကြောင့် အရေပြားကို နူးညံ့ချောမွေ့စေပါတယ်။

(၁၅) မိခင်နို့ချိုတိုက်ကျွေးချိန် နို့သီးခေါင်းတွေကွဲ အက်ရင် အုန်းဆီလေး ဆွတ်ထားပေးပါ။

(၁၆) ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးချိန်မှာ ဗိုက်ကြောပြတ်ရာတွေထင်နေရင် အုန်းဆီလိမ်းပေးလိုက်ပါ။ အကြောပြတ်ရာတွေ မှိန်ဖျော့သွားပါ လိမ့်မယ်။

(၁၇) ကလေးတွေသေးစိုခံဘောင်းဘီဝတ်လို့ ပေါင်ခြံအရေပြား နီမြန်းယားယံနေရင် တစ်ရှူးကိုဆီ ဆွတ်ပြီး ညင်ညင်သာသာ သုတ်လိမ်းပေးပါ။

(၁၈) အိမ်ထောင်ပရိဘောဂတွေ သန့်စင်ချင်ရင်အဝတ်စတစ်စကိုအုန်းဆီဆွတ်ပြီးလိုက်သုတ်ပေးပါ။

(၁၉) အိတ်နဲ့ ဂျာကင်အင်္ကျီတွေ ဇစ်ကျပ်နေရင် အုန်းဆီသုတ်လိမ်းပေးပါ။

(၂၀) သားအရေနဲ့ လုပ်ထားတဲ့ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ လက်အိတ် စတာတွေကို အုန်းဆီလိမ်း ပေးရင် သားရေကို တောက်ပြောင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top