Healthy Life Ad
Life Style

ကြိုးခုန်ပေးခြင်းဖြင့် ရရှိနိုင်သည့်ကျန်းမာရေး ကောင်းကျိုး ငါးရပ်

ခုန်ကြိုးတစ်ချောင်းရှိရုံနဲ့ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို လေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းက ကြိုးခုန်တာပဲ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

မိနစ် ၃၀ကြာ ကြိုးခုန်ရုံဖြင့် ကယ်လိုရီ၄၅၀ လောင်ကျွမ်းစေနိုင်ပါတယ်။ အချိန် ၁၀ မိနစ်လောက် ကြိုးခုန်တာဟာ ရှစ်မိနစ်အတွင်း တစ်မိုင်ပြေးတာနဲ့တူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးကိုရရှိစေပါတယ်။ ကိုယ်အလေးချိန်များသူတွေ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၂) နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်
ကြိုးခုန်တာကြောင့် နှလုံးနဲ့အသက်ရှူ လမ်းကြောင်းစနစ်ကို သိသိသာသာ ကျန်းမာသန်စွမ်းစေပါတယ်။ နှလုံးကြွက်သားတွေကို သန်စွမ်းစေပြီး သွေးညှစ်အားကောင်းစေကာ တစ်သျှူးတွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေရောက်ရှိသွားစေနိုင်ပါတယ်။

(၃) ကြွက်သားထုထည် တင်းရင်းစေပါတယ်
ပုံမှန်ကြိုးခုန်ပေးတာကြောင့် ခြေသလုံးကြွက်သားတွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ကျန်းမာတင်းရင်းစေပြီး ပခုံးနဲ့ လက်မောင်းတွေကို သန်စွမ်းလှပစေပါတယ်။

(၄) အရိုးပါးရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်
ကြိုးခုန်တာကြောင့် အရိုးသိပ်သည်းဆကို တိုးစေပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိစေပါတယ်။

(၅) ခန္ဓာကိုယ် ဟန်ချက်ညီမျှစေပါတယ်
ပုံမှန်ကြိုးခုန်တာကြောင့် ခန္ဓာကိုယ်ရဲ့ပျော့ပျောင်းသန်စွမ်းမှုကို အားကောင်းစေပြီး ခန္ဓာကိုယ်ဟန်ချက်ညီမျှစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဘယ်၊ ညာနှစ်ဖက်စလုံးကို တက်ကြွစေတဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်းကို ပိုမို ကောင်းမွန်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top