Healthy Life Ad
Life Style

စိတ်ကျဝေဒနာမဖြစ်အောင်

တစ်ခါတစ်ရံမှာ လူတွေအများကြီးနဲ့ စုဝေးနေရရင်တောင် ကိုယ်တစ်ယောက်တည်း သီးသန့်ရှိနေသလိုမျိုး စိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ စိတ်ကျဝေဒနာ ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုကင်းပြီး စိတ်အေးအေးနေတတ်အောင် တည်ဆောက်ပါ။ အဓိက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ကြိုးစားနေထိုင်ပါ။

(၂) စိတ်ဓာတ်ကျနေချိန်မှာ အိမ်မှာတစ်ဦးတည်း အခန်းပိတ်နေတာမျိုး၊ သူငယ်ချင်းတွေနဲ့မတွေ့ဘဲ ရှောင်တာမျိုးမလုပ်ပါနဲ့။

(၃) အလိုမကျတဲ့ စိတ်မဖြစ်အောင် သတိထားပါ။ ကိုယ်နဲ့အတူနေတဲ့ မိသားစု၊ ဆွေမျိုး စတာတွေရဲ့ အကျင့်စရိုက်တွေကို သည်းခံနိုင်အောင်၊ လိုက်လျောညီထွေရှိအောင်ကျင့်ပါ။

(၄) လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်နိုင်ရင် ချွေးထွက်အောင်လမ်းလျှောက်ပေးပါ။ အန်ဒေါ်ဖင်ဆိုတဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းအထွက်တိုးကာ စိတ်သက်သာစေပါတယ်။

(၅) အိပ်ရေးဝ၀အိပ်ပြီး ကျန်းမာရေးနဲ့အညီစားသုံးပါ။

(၆) အလုပ်တွေအများကြီးကို တစ်ပြိုင်တည်းမလုပ်ပါနဲ့။ ဖိစီးမှုပိုများတတ်ပါတယ်။ လုပ်ရမယ့်စာရင်းတွေ ချရေးထားပြီး ဦးစားပေးအလုပ်ကို အရင်လုပ်ပါ။

(၇) ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို လိုက်စားပါ။

(၈) အချိန်ကို အကျိုးရှိရှိအသုံးချပြီး ကောင်းကောင်းစီမံခန့်ခွဲပါ။

(၉) အားလပ်ရက်မှာ ခင်မင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့တွေ့ပါ။ ဖြစ်နိုင်ရင် စိတ်ပြေလက်ပျောက် ခရီးထွက်ပါ။

(၁၀) အရက်နဲ့ မူးယစ်ဆေးဝါးကိုရှောင်ပါ။ စိတ်ကျဝေဒနာရဲ့ ထွက်ပေါက်အဖြစ် အရက်နဲ့ မူးယစ်ဆေးဝါးကိုမှီဝဲရင် ပိုပြီးစိတ်ဓာတ်ကျနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top