Healthy Life Ad
Q & A

အူမကြီးကင်ဆာ၏ အစပိုင်း ရောဂါလက္ခဏာများ

မေး။ ။ အူမကြီးကင်ဆာရဲ့အစပိုင်း ရောဂါလက္ခဏာတွေက ဘယ်လိုပြပါသလဲရှင်။ ဂရီဂျီနာက အူမကြီးကင်ဆာဖြစ်နိုင်ပါသလားရှင်။

SSA (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ အူမကြီးကင်ဆာဖြစ်စမှာ တိကျတဲ့ ရောဂါလက္ခ ဏာမပြတတ်ပါဘူး။ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ ဝမ်းပျက်လိုက်၊ ချုပ်လိုက်ဖြစ်တာ၊ ဝမ်းအတောင့် သေးသေးလေးသွားတာ၊ အနီရောင်/အညိုရောင် ဝမ်းသွားတာ၊ အလိုလိုအားကုန်မောပန်းတာ၊ အသက်ရှူမဝတာ၊ ပိန်သွားတာ၊ ဝမ်းဗိုက်တင်းနေ/ကယ်နေ တာတွေ ဖြစ်တတ်ပါတယ်။ anal fistula စအိုဝမှာ ဖြစ်တဲ့ အနာတွေကတော့ ကင်ဆာအဖြစ်ပြောင်းနိုင် ခြေနည်းပေမယ့် စအိုကင်ဆာမှာ အလားတူအနာ ဖြစ်နိုင်တဲ့အတွက် ထိထိရောက်ရောက် ကုသဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top