Healthy Life Ad
Local

သားအိမ်ခေါင်းကင်ဆာ၏ ကြွက်နို့ပိုးကြောင့် ခံတွင်းကင်ဆာဖြစ်ပွားမှုမှာ ၁၀ရာခိုင်နှုန်း တွေ့ရှိရ

၊ အေးမို့မို့ဇော် ၊

သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် ကြွက်နို့ပိုးကြောင့် ခံတွင်းကင်ဆာဖြစ်ပွားမှု ၁၀ရာခိုင် နှုန်းတွေ့ရှိရကြောင်း မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာဆွေဆွေဝင်းက ပြောသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးတို့ကြောင့် ခံတွင်းကင်ဆာဖြစ်ပွားမှုမှာ ၉၀ရာခိုင်နှုန်းရှိပြီး၊ ကျန်သည့် ၁၀ရာခိုင်နှုန်းမှာ သားအိမ်ခေါင်းကင်ဆာ၏ ကြွက် နို့ပိုး(HPV)ကြောင့်ဖြစ်ပွားကြောင်း ပါမောက္ခ ဒေါက်တာဆွေဆွေဝင်းက ဆိုသည်။

“ခံတွင်းကင်ဆာဖြစ်တာက အရင်တုန်းက ဆိုရင် ကွမ်းစားတယ်၊ ဆေးလိပ်သောက်တာ ကြောင့်ဖြစ်တာပေါ့။ အခုဆိုရင် ကမ္ဘာကြီးက ရွာ လိုဖြစ်တဲ့အခါကျတော့ နိုင်ငံတကာနဲ့ ဆက်စပ်မှု လည်းများတယ်။ မကောင်းတဲ့အတုတွေလည်း ယူ ကြတာများတယ်။ HPV ကြွက်နို့ပိုးကြောင့် ပါးစပ်ထဲမှာခံတွင်း ကင်ဆာဖြစ်တာ။ အဲ့ဒါတွေအားလုံးက ကွမ်းလည်းမစားဘူး၊ ဆေးလိပ်လည်းမသောက်ဘူး။ ကင်ဆာဖြစ်နေပြီဆိုရင် အဲ့ဒါကိုဆရာမတို့စစ်ဆေးဖို့ လိုမယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်လာပါပြီ။ ၄ရာခိုင် နှုန်းကနေ ၁၀ရာခိုင်နှုန်းကျော်လောက်ထိက သားအိမ်ခေါင်းကင်ဆာ ကြွက်နို့ပိုးကြောင့် ဖြစ်နေတယ် ဆိုတာတွေ့လာပြီ”ဟု ပါမောက္ခဒေါက်တာဆွေဆွေဝင်းက ပြောသည်။

သားအိမ်ခေါင်းကင်ဆာကြွက်နို့ပိုး (HPV) ကြောင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုတွေ့ရှိလာရခြင်းကို အလေးထားဂရုစိုက်ရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ဖြစ်ပွားရခြင်းသည် လွဲမှားသည့် အမူအကျင့် များကြောင့်ဖြစ်ရကြောင်း သိရသည်။

ခံတွင်းထဲတွင် အနာဖြစ်ခြင်း၊ အနာမကျက်ခြင်း၊ ခံတွင်းထဲတွင် သွေးထွက်ခြင်း၊ အဖုများဖြစ်လာခြင်း၊ အဖုများဖောင်းလာခြင်း၊ အဖြူဖတ်များ၊ အနီကွက်အနာများဖြစ်လာနိုင်ကာ တံတွေးမျိုချရခက်ခြင်းများ၊ အသံများပြောင်းလဲသွားခြင်းစသည့် ပြောင်းလဲမှုများသည် ခံတွင်းကင်ဆာဖြစ်ပွားရခြင်း၏ ပြောင်းလဲမှု များဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယင်းကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပွားတိုင်းလည်း ခံတွင်းကင်ဆာဟု မဆိုနိုင်ကြောင်းနှင့် ပြောင်းလဲမှုများ၊ သံသယများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်တိုင်ပင်ပြသသင့်ကြောင်း ၎င်းင်းက ဆိုသည်။ ခံတွင်းကင်ဆာအား ကြိုတင်တွေ့ရှိရန် အဓိကထားလုပ်ဆောင်နေပြီး ခံတွင်းကင်ဆာဖြစ်ပွားပါက အသက်ရှင်ရန်မလွယ်ကူကြောင်း၊ ခံတွင်းကင်ဆာဖြစ်ပွားမှုကြောင့် ငါးနှစ်အသက်ရှင်နိုင်ခြေ က ၅၀ရာ ခိုင်နှုန်းတောင်မရှိကြောင်း သိရသည်။

“ခံတွင်းကင်ဆာမှာ ငါးနှစ်အသက်ရှင်ဖို့က အင်မတန်ကိုနည်းပါတယ်။ အဲ့ဒါကြောင့် မဖြစ် ခင်ကြိုတွေ့ဖို့အရေးကြီးပါတယ်။ အမူအကျင့်ကြောင့် ဖြစ်တယ်ဆိုရင် ဒီအမူအကျင့်ကိုပြင်ရပါ မယ်။ ကွမ်းမစားရဘူး၊ ဆေးလိပ် မသောက်ရဘူး၊ ဖြတ်ကိုဖြတ်ရမယ်”ဟု ၎င်းင်းက ဆက်လက်ပြောခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top