Healthy Life Ad
Life Style

အလုပ်စားပွဲမှာပင် ပြုလုပ်နိုင်သည့် အလွယ်ကူဆုံး လေ့ကျင့်ခန်း ၅ မျိုး

၊ ကိုထက် ၊

အလုပ်စားပွဲမှာ ထိုင်ရင်းနဲ့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေလိုက်ပါတယ်။

(က) ခန္ဓာကိုယ်အပေါ်ပိုင်းအကြော ပြေစေမည့် လေ့ကျင့်ခန်း
ထိုင်ခုံပေါ်မှာ ထိုင်ပြီး ခြေဖဝါးနှစ်ဖက်ကိုကြမ်း ပေါ်မှာ အပြားလိုက်ချထားပေးပါ။ လက်နှစ်ဖက်ကို ဒူးပေါ်မှာတင်ထားပါ။ အဲဒီအနေအထားအတိုင်း ခါးကိုမတ်၊ ရင်ကိုကော့လိုက်ပြီး ဦးခေါင်းကို အနည်း ငယ်မော့လိုက်ကာ အသက်ကိုအားပါးတရ ရှူသွင်း လိုက်ပါ။ ယင်းနောက် ခါးကိုရှေ့သို့ကုန်းကာ ဦး ခေါင်းကိုလည်း ရှေ့သို့လိုက်ငုံ့လိုက်ပြီး အသက်ကို ရှူထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်နာရီခြား တစ်ခါစီပြုလုပ်ပေးသင့်ပြီး တစ်ခါလုပ်ရင် အသက် ရှူသွင်း၊ ရှူထုတ် ၅ ကြိမ်စီပြုလုပ်ပေးရပါမယ်။

(ခ) လက်မောင်းသန်စွမ်းစေမည့် လေ့ကျင့်ခန်း
လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထားပါ။ တံ တောင်ဆစ်နှစ်ဖက်လုံးကိုကွေးပြီး လက်ကို အပေါ် သို့ထောင်လိုက်ပါ။ ဒီအနေအထားအတိုင်း ဘယ် ဘက်လက်ပေါ်ကို ညာဖက်လက်ကို ယှက်ပြီး တင် လိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကိုထိထားပါ။ ထို့နောက် တံတောင်ဆစ်ကိုအပေါ်မြှင့်ပြီး လက်မောင်းတွေ ကိုအောက်သို့နှိမ့်ပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို အပေါ်အောက်ပြန်ပြောင်းပြီး ထပ်လုပ်ပါ။ တစ်ခါ လုပ်ရင် ၃ ကြိမ်စီ ပြုလုပ်ပေးရပါမယ်။

(ဂ) ခြေထောက်လှည့်လေ့ကျင့်ခန်း
ထိုင်လျက်အနေအထားအတိုင်း ခြေဖဝါး နှစ် ဖက်ကိုကြမ်းပေါ်သို့ကပ်ထားပါ။ အဲဒီနောက် ဒူးကွေး ထားတဲ့အတိုင်း ဘယ်ဘက်ခြေထောက်ကို အနည်း ငယ်မြှောက်လိုက်ပြီး ဒူးနေရာမှ နာရီလက်တံအ တိုင်းလှည့်လိုက် ပြောင်းပြန်လှည့်လိုက် ဖြည်းဖြည်း ချင်းလှည့်ပေးပါ။ ထို့နောက် ခြေကျင်းဝတ်ကနေ တစ်ခါလှည့်ပေးပါ။ ပြန်ချပြီး နောက်ခြေတစ်ဖက် ပြောင်းလုပ်ပေးပါ။

(ဃ) ဖိအားပြောင်းလေ့ကျင့်ခြင်း
ဦးစွာမတ်မတ်ရပ်ပြီး ခြေဖဝါးတွေကို ကြမ်း ပေါ်မှာ ကပ်နေပါစေ။ အဲဒီ့နောက် ဖြည်းဖြည်းချင်း ခန္ဓာကိုယ်အလေးချိန်ကို ဘယ်ဘက်ခြေထောက် ပေါ်သို့ဖိချပြီး ညာခြေထောက်ပေါ်က ဖိအားကို လျှော့ချလိုက်ပါ။ ညာခြေထောက်ကို အနည်း ငယ်ဘေးကို မြှောက်ပေးလိုက်လို့ရပါတယ်။ အဲဒီ့ နောက် ခြေအစုံပြန်ရပ်ပြီး အလေးချိန်ကို ခြေနှစ် ဖက်လုံးအပေါ်မျှအောင်ပြန်နေပါ။ ပြီးမှ နောက် တစ်ဖက်ပြောင်းလုပ်ပေးရမှာဖြစ်ပါတယ်။

(င) လေမှုတ်ထုတ် လေ့ကျင့်ခြင်း
ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင် လိုက်ပါ။ အဲဒီ့နောက် နှာခေါင်းပေါက်တစ်ဖက်ကို လက်နဲ့ အသာအယာဖိပိတ်လိုက်ပြီး ကျန်တစ်ဖက်နဲ့ အသက် ရှူသွင်း၊ ရှူထုတ်ပြုလုပ်ပေးပါ။ နောက်ထပ် နှာခေါင်းပေါက်တစ်ဘက်ကိုပြောင်းပြီးလုပ် ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ၁ နာရီခြား တစ်ခါ ၃မိနစ်ခန့် ပြုလုပ်ပေးခြင်းဖြင့် စိတ်ပင် ပန်းမှုကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top