Healthy Life Ad
Life Style

မိန်းမကိုယ်အကြောင်း သင် မသိသေးလောက်သော အချက် ငါးရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) မိန်းမကိုယ်မှာ ကိုယ်ပိုင်ဂေဟစနစ်ရှိပြီး ပြင်ပနဲ့ လိုက်လျောညီထွေရှိတဲ့ pH လည်း ရှိပါတယ်။ ကျန်းမာတဲ့ pH က အက်စစ်အနေအထားမျိုး ဖြစ်ပြီး ပုံမှန်အားဖြင့် ၃ ဒသမ ၅နဲ့ ၄ ဒသမ ၅ကြားမှာ ရှိပါတယ်။ မိန်းမကိုယ်ရဲ့ pHက အပြောင်းလဲဖြစ်သွားရင် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာပြောရ ရင်ချောဆီအများစု၊ မိန်းမကိုယ်တွင်းထည့်တဲ့ ဖျန်းဆေး၊ ဘက်တီးရီးယားမှိုစွဲတာနဲ့ သုက်ပိုးသေဆေးတွေကိုသုံးရင် မိန်းမကိုယ်ရဲ့ pH ကို အက်စစ်မျှခြေကနေ လျော့သွားစေပါတယ်။ ဒီလိုဖြစ်သွားရင် မိန်းမကိုယ်ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာနဲ့ ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းတာတို့ ဖြစ်တတ်ပါတယ်။ မှိုပိုးနဲ့ ကန်ဒီဒါမှိုပိုးတွေဟာ မိန်းမကိုယ် pH ကို အက်စစ်မျှခြေ ပိုဖြစ်စေပါတယ်။

(၂) မိန်းမကိုယ်ရဲ့ဂေဟစနစ်ဟာ အူတွေလိုပဲ ကောင်းတဲ့ ဘက်တီးရီးယားတွေအပေါ်မှာ အကြီးအကျယ် မူတည်နေပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယား လက်တိုဘက်ဆဲလ်လပ်စ်ဟာ မိန်းမကိုယ်မှာ ပိုးဝင် မှုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အရာပါ။ ဒါကြောင့် လက်တိုဘက်ဆဲလပ်စ် အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်စားတာ၊ ဖြည့်စွက်ဆေးမှီဝဲတာတို့ကို ပြုလုပ်ပေးပါ။တကယ်လို့ ပဋိဇီဝပိုးသတ်ဆေးကို သတ်မှတ် ကာလပြည့်မီအောင် သောက်သုံးနေရသူဖြစ်ရင် အူ လမ်းကြောင်းနဲ့ မိန်းမကိုယ်ရှိ ကောင်းတဲ့ ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားအားလုံး သေသွား နိုင်တာကြောင့် ကူးစက်ပိုးဝင်လွယ်ပါတယ်။ ဒီအချိန်မှာ ဒိန်ချဉ်လို အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာကို စားသောက်ပေးပါ။

(၃) မိန်းမကိုယ်က အလွန်သန်မာတဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေး မွေးထုတ်နိုင်စွမ်း ရှိတာပါ။ ကလေးမွေးနှုန်းများတာ၊ ဟော်မုန်းကျဆင်းတာ၊ အသက်ကြီးတာနဲ့ တချို့သော ကျန်းမာရေးအခြေအနေတွေကြောင့် မိန်းမကိုယ် ကြွက်သားကို လျော့ရဲစေနိုင်ပါတယ်။Kegel လေ့ကျင့်ခန်း၊ ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းနဲ့ တင်ပဆုံကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေအားလုံးဟာ မိန်းမကိုယ် ကြွက်သားတွေကို သန်စွမ်းစေတဲ့အတွက် အိမ်ထောင်ရေးကို အဆင်ပြေစေသလို ဆီးမထိန်းနိုင်တဲ့ ဝေဒနာကိုလည်း အဖြစ်နည်းစေပါတယ်။

(၄) မိန်းမကိုယ် ကူးစက်ပိုးဝင်ချိန်မှာ ပုံမှန်မဟုတ်တဲ့ အချွဲတွေဖြစ်ပေါ်လာပြီး ပုံမှန်အချွဲတွေနဲ့ ရောထွေး သွားနိုင်ပါတယ်။ မမျိုးဥကြွေခါနီးအချိန်မှာ မိန်းမကိုယ်အချွဲတွေ ထူလာပါတယ်။ တစ်ခါတစ်ရံ ပိုးဝင်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အချွဲမြှေးတွေ ဖြစ်လာတတ်တာကြောင့် အဲဒီအခါမှာဆရာဝန်နဲ့ပြသသင့်ပါတယ်။

(၅) ပင်ကိုမိန်းမကိုယ်အနေအထားက ပုံမှန်ပါပဲ။ ဆိုလိုတာက မိန်းမကိုယ်ဆိုတာပုံစံအမျိုးမျိုး၊ အရွယ် အစားအမျိုးမျိုး ရှိတတ်တဲ့အတွက် ပုံမှန်မဟုတ်ဘူး၊ ခွဲစိတ်ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီး အမျိုးသမီး တချို့ ကစိတ်ပူနေတတ်ပါတယ်။ တကယ်တော့ မိန်းမအင်္ဂါ ဇာတ်နှုတ်ခမ်းက ရှည်လွန်းတာ၊ တိုလွန်းတာ၊ ပုံသဏ္ဌာန် မမှန်တာတွေ ဖြစ်နေတယ်လို့ မရှိပါဘူး။ ပုံမှန်ပဲ ဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top