Healthy Life Ad
Child

ကလေးများ သတိရနေသင့်သော ကျန်းမာရေးကိန်းဂဏန်း ၁-၂-၃-၄-၅

၊ ငွေကြယ်စင်ယံ ၊

ကလေးတွေအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် ၁-၂-၃-၄-၅ ရွတ်ရင်း တွဲမှတ်ထားသင့်တာလေးရှိပါတယ်။ အဲဒီ ၁-၂-၃-၄-၅ က ဘာကိုရည်ရွယ်သလဲဆိုတာ ကလေးတွေကိုသင်ပြပြီး နေ့စဉ်လိုက်နာတတ်အောင် လေ့ကျင့်ပေးထားပါ။

၁ – တစ်နေ့မှာ အနည်းဆုံး တစ်နာရီအချိန်ပေးကာ ကိုယ်ခန္ဓာကိုလှုပ်ရှားပြီး ကစားပေးရပါမယ်။

၂ – တစ်နေ့မှာ တီဗီ၊ ကွန်ပျူတာရှေ့မှာနေပြီး ကြည့်ရှုချိန်က နှစ်နာရီအောက်နည်းရပါမယ်။

၃ – တစ်နေ့ အဆီနည်းနို့နဲ့နို့ထွက်ပစ္စည်း သုံးကြိမ်စားရပါမယ်။

၄ – တစ်နေ့ အနည်းဆုံးရေဖန်ခွက် လေးခွက်သောက်ပါ။

၅ – တစ်နေ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ငါးကြိမ်စားပေးပါ။

ကလေးတွေအနေနဲ့ ဒီ ၁-၂-၃-၄-၅ အတိုင်း နေ့စဉ်လိုက်နာနေထိုင်မယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေပါမယ်၊ ကြီးထွားဖွံ့ဖြိုးမှု မှန်ကန်နေပါလိမ့်မယ်၊ ဉာဏ်ရည်ထက်မြက်ပါလိမ့်မယ်၊ စိတ်ချမ်းသာပျော်ရွှင်နေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top