Healthy Life Ad
International

ကွာရှင်းပြတ်စဲထားသည့် တရုတ်အမျိုးသမီးများ၏ စိတ်ကျဝေဒနာကို ကုစားရန် လူသေပုံစံ တရားထိုင်ကုသမှုခံယူ

၊ မိုးမင်းထွန်း ၊

ကွာရှင်းပြတ်စဲထားတဲ့ တရုတ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့ဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းချုံ ကျင်းမြို့တော်ဆင်ခြေဖုံးမှာ ဒီသီတင်းပတ်စောစောက လူသေပုံစံတရားထိုင်ကုသမှုခံယူခဲ့ကြပါတယ်။

ကိုယ်တိုင်ကွာရှင်းပြတ်စဲထားတဲ့ ကုထုံးဆရာမ လျူတိုင်ဂျီးက လမ်းခွဲပြတ်စဲခဲ့ကြတဲ့ အမျိုးသမီးတွေ အားမာန်အသစ်ရအောင် ဒီကုထုံးကိုစီစဉ်ခဲ့တာလို့ဆိုပါတယ်။ စွန့်ပစ်ခံရတဲ့ ခံစားမှုဟာ အတော်ဆိုးဝါးတာကို သိရှိကြောင်းနဲ့ သူကိုယ်တိုင်လင်မယားကွာရှင်းပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် စဉ်းစားမိခဲ့ကြောင်း ပြောပြပါတယ်။ လျူဟာ အသက် ၁၉ နှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး အသက် ၂၁နှစ်မှာ ပထမ ကလေးမွေးဖွားခဲ့ပါတယ်။ သူဦးဆောင်တဲ့ စီးပွားရေးဆုံးရှုံးသွားပြီးနောက် ခင်ပွန်းနဲ့ပြတ်စဲခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ခန္ဓာကိုယ်အလေးချိန် ၁၅၈ ပေါင်ကနေ ၉၉ပေါင်အထိ ရောက်အောင် အလေးချိန်ချနိုင်ခဲ့ပါတယ်။ လျူရဲ့ ကုထုံးအရ လူသေအလောင်းမြှုပ်နှံရာ မြေကျင်းထဲမှာ ပလပ်စတစ်ခင်းထားပြီး လူတွေက ကျင်းထဲမှာ ဝင်လဲလျောင်းကာ လူသေပုံစံဆင်ခြင်ရတာဖြစ်ပါတယ်။ မြေကျင်းထဲမှာ လဲလျောင်းခြင်းဖြင့် ဘဝမှာလုပ်စရာအများကြီးကျန်သေးကြောင်းနဲ့ အတိတ်ကိုမေ့ပစ်ပြီး ဘဝအသစ်တစ်ခုစဖို့လိုအပ်ကြောင်း သံဝေဂရနိုင်မှာဖြစ်ကြောင်း လျူကရှင်းပြပါတယ်။ လျူရဲ့ အခမဲ့သင်တန်းကို နှစ်လ၊ သုံးလတစ်ကြိမ်ကျင်းပလေ့ရှိပြီး စိတ်ဝင်စားသူမည်သူမဆို သူရဲ့ ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

(Ref; NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top