Healthy Life Ad
Local

ကျား/မတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဖိုရမ်ကျင်းပ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သြစတြေးလျအစိုးရ ပညာသင်ဆုရ မြန်မာကျောင်းသားဟောင်းများအဖွဲ့ (AAMA)က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတွင် ကျား-မတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆိုင်ရာ ဖိုရိမ်အား ၁၀-၃-၂၀၁၈ ရက်နေ့က ရန်ကုန်မြို့၊ PARKROYAL ဟိုတယ်၌ ကျင်းပခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပွဲက ကျွန်တော်တိုရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူမှုအစုအဖွဲ့တွေကို ကျား-မရေးရာ တန်းတူညီမျှရေးရဲ့ အရေးပါမှုတွေကို တွေးခေါ်လုပ်ကိုင်လာစေဖို့ တွန်းအားပေးနိုင်မယ့် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးမှ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေးသံမှူး Mr.Tim Vistarini က ပြောသည်။

“အမျိုးသမီးတွေ ပညာတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ပညာတတ်ပြီဆိုရင် အားလုံးလုံခြုံသွားပြီလားလို့ ပြောစရာရှိပါတယ်။ အတိုင်းအတာတစ်ခုအထိတော့လုံခြုံပါတယ်။ ဒါပေမဲ့လည်း အနည်းငယ်တော့ ကျန်နေပါသေးတယ်။ ပညာတတ်တဲ့သူရဲ့ သားသမီးတွေက ကျင့်ဝတ်သီလမြဲဖို့ သူများထက်ပိုပြီး အခြေအနေပေးပါတယ်။ ဒါကြောင့် အမျိုးသမီးတွေပညာတတ်စေချင်တယ်။ အမျိုးသမီးတွေ ပညာတတ်ဖို့လည်း တွန်းအားပေးချင်ပါတယ်။ ဒီလိုတွန်းအားပေးဖို့ အမျိုးသမီးချည်းမကဘူး၊ အမျိုးသားတွေကလည်း ပါဝင်ရမှာပါ။ လွှတ်တော်ထဲမှာရှိနေတဲ့ အမျိုးသမီးအရေအတွက်၊ ပညာရေးဌာန ဦးဆောင်သူထဲမှာရှိနေတဲ့ အမျိုးသမီးအရေအတွက် . . ဘယ်ဟာကိုပဲကြည့်ကြည့် ကျွန်မတို့ Critical Mass ကိုလိုအပ်တယ်။

အဲဒီလို လိုအပ်တဲ့အတွက် အမျိုးသမီးတွေကို Empower လို့ခေါ်တဲ့ စွမ်းအားတွေဖြည့်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုစွမ်းအားဖြည့်ပေးတဲ့အချိန်မှာ အမျိုးသားတွေရဲ့ နားလည်မှုက အများကြီးလိုအပ်ပါတယ်” ဟု စာရေးဆရာမဂျူးက ပြောကြားခဲ့သည်။ ဖိုရမ်အတွက်ရန်ပုံငွေကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ပံ့ပိုးထားခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် ကျား/မတန်းတူညီရေးရှိစေရန် အသိပညာပေးခြင်းဖြစ်ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top