Healthy Life Ad
Life Style

သင့်ခန္ဓာကိုယ်အချိုးအဆစ်အရ အကောင်းဆုံးလေ့ကျင့်ခန်းနှင့်အစာ

၊ လရိပ်မေ ၊

သင်က ဘယ်လိုခန္ဓာကိုယ်အချိုးအဆစ်ပိုင်ဆိုင်နေပါသလဲ။ သင့်ခန္ဓာကိုယ်အချိုးအဆစ်အရ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းနဲ့ စားသင့်တဲ့ အစားအသောက်တွေကို မျှဝေလိုက်ပါတယ်။

– ထောင့်မှန်စတုဂံပုံ ခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင်

– ဘယ်လိုလေ့ကျင့်ခန်းနဲ့ သင့်တော်သလဲ
အားအင်စိုက်ထုတ်ပြီး ပြုလုပ်ရတဲ့လေ့ကျင့်ခန်းတွေနဲ့ သင့်တော်ပါတယ်။ အထူးသဖြင့် ကြွက်သားသန်စွမ်းပြီး ခါးအတိုင်းအတာသွယ်လျကာ ဝမ်းဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းမျိုးလုပ်သင့်ပါတယ်။

– အစားအသောက်
မနက်စာများများစားပြီး ညစာကို အသင့်အတင့်ပဲစားပါ။ ကာဗိုဟိုက်ဒရိတ် (ဥပမာ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်) များများစားပြီး ပရိုတင်း(ဥပမာ အသား၊ ငါး) နည်းနည်းပဲစားပါ။ အဆီများတဲ့ နို့၊ အချိုနဲ့ သရေစာတွေကို တတ်နိုင်သမျှရှောင်ပါ။

– လုံးကြီးပေါက်လှ ခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင်

– ဘယ်လိုလေ့ကျင့်ခန်းနဲ့ သင့်တော်သလဲ
သက်လုံကောင်းစေတဲ့ လေ့ကျင့်ခန်းတွေအပါအဝင် တက်တက်ကြွကြွလှုပ်ရှားရတဲ့ အားကစားတွေကိုလုပ်ဆောင်ပါ။ လေ့ကျင့်ခန်းကို မနက်စောစောနဲ့ နေ့ခင်းပိုင်းတွေမှာ ပြုလုပ်သင့်ပါတယ်။

– အစားအသောက်
သစ်သီးဝလံ၊ အဆီမပါတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စားပေးပါ။ ချောကလက်၊ ကစီဓာတ်များတဲ့ အစာ၊ ခေါက်ဆွဲ၊ ခရင်မ်ပါတဲ့ သရေစာတွေကို တတ်နိုင်သမျှဆင်ခြင်ပါ။

– သဲနာရီပုံ ခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင်

– ဘယ်လိုလေ့ကျင့်ခန်းနဲ့ သင့်တော်သလဲ
အဖွဲ့လိုက်လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်း၊ လမ်းလျှောက်တာနဲ့ ကခုန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ညနေခင်းမှာ လေ့ကျင့်ခန်းလုပ်ရင်အကောင်းဆုံးပါ။

– အစားအသောက်
အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အဆီနည်းအသား၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးသင့်ပါတယ်။ ကဖင်း၊ အရက်၊ သကြားတွေကို တတ်နိုင်သမျှဆင်ခြင်ပါ။

– ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင်

– ဘယ်လိုလေ့ကျင့်ခန်းနဲ့ သင့်တော်သလဲ
ခပ်သွက်သွက် ပြေးတာ၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာ၊ တောင်တက်တာ၊ ရေကူးတာတို့ကို လုပ်ဆောင်ပေးရင် သင့်ခန္ဓာကိုယ်ကို ကြည့်အကောင်းဆုံးဖြစ်စေပါတယ်။

– အစားအသောက်
သက်သတ်လွတ်အစာကို စားပါ။ ထောပတ်၊ ခရင်မ်ပါတဲ့အစာနဲ့ ချောကလက်တွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top