Healthy Life Ad
International

၄၁ရက်သာရှင်ခဲ့သည့် ကလေးငယ်က လူ့အသက်နှစ်ချောင်းကို ကယ်တင်သွား

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ သီအိုအိုမွန်ဒီဟာ အသက် ၄၁ရက်သားအရွယ်မှာပဲ ရုတ်တရက်အဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ မိဘတွေက ကလေးရဲ့အဆုတ်တွေနဲ့ ကျောက်ကပ်နှစ်ခုတို့ကို တခြားလိုအပ်တဲ့ လူနာနှစ်ယောက်ကို လှူဒါန်းလိုက်ခြင်းဖြင့် အသက်သေဆုံးသွားပေမယ့် လူနှစ်ယောက်ရဲ့အသက်နှစ်ချောင်းကို ကယ်တင်သွားနိုင်ခဲ့ပါတယ်။ မိဘတွေက သူတို့ရဲ့ကူညီမှုအတွက် ဂုဏ်ယူနေကြပြီး သူတို့ရဲ့သားပုံမှန်အသက်ရှင် ကြီးပြင်းလာခဲ့ရင်လည်း ဒီလိုလုပ်ရပ်မျိုးကို ကျေနပ်မယ်လို့ယုံကြည်ကြောင်း ပြောကြားပါတယ်။

သီအိုရဲ့အဆုတ်ကို ၅လအရွယ် အီမိုဂမ်ဘော်လ်တန်အားလှူဒါန်းခဲ့ပြီး ကျောက်ကပ်နှစ်ခုကိုတော့ တခြားတစ်ယောက်ကို လှူဒါန်းခဲ့ကြပါတယ်။ အီမိုဂမ်က အဆုတ်ဖွဲ့စည်းပုံမမှန်တဲ့ ရှားပါး Alveolar Capillary Dysplasia (ACD) ရောဂါဖြစ်ပွားနေတာပါ။ ၇နာရီကြာတဲ့ အဆုတ်အစားထိုးခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး အီမိုဂမ်ဟာ ကျန်းမာနေပြီဖြစ်ကာ ဗြိတိန်ရဲ့အသက်အငယ်ဆုံး အဆုတ်အစားထိုးသူလူနာအဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။

အီမိုဂမ်ရဲ့မိဘတွေကလည်း အဆုတ်အလှူရှင် လူနာကလေးငယ်နဲ့ သူ့ရဲ့မိဘတွေလုပ်ရပ်အတွက် အထူးကျေးဇူးတင်နေပြီး လူတိုင်းလူတိုင်း ခန္ဓာကိုယ်လှူဒါန်းတဲ့အစီအစဉ်မှာ မှတ်ပုံတင်ထားပြီး မွန်မြတ်တဲ့ အလှူပြုလုပ်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top