Healthy Life Ad
Q & A

နေလောင်ဒဏ်ရာကြောင့်ဖြစ်တဲ့ အနီပြင်

မေး။ ။ ကျွန်မက NGO ဝန်ထမ်းတစ်ယောက်ပါ . . နေပူပူ မိုးရွာရွာ အမြဲလိုလို လျှောက်သွားနေရတဲ့သူပါ။ နေပူထဲသွားတဲ့အခါတိုင်းလည်း လက်ရှည်အမြဲဝတ်ပါတယ်ရှင့် . . လက်ရှည်ဝတ်ထားပါရက်နဲ့ နေလောင်ပြီး အနီပြင်တွေဖြစ်နေတာကို ကုသလို့ရမယ့် နည်းလမ်းရှိရင် ပြောပြပေးပါရှင့်။
Royal Thazin(FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ နေလောင်တာကို ကာကွယ်ဖို့အတွက် နေပူပြင်းတဲ့အချိန်ကို အတတ်နိုင်ဆုံးရှောင်ပြီး အပြင်မထွက်ဖို့ လိုပါတယ်၊။ မတတ်သာလို့ ထွက်ခဲ့ရရင် ချည်ထည် ပွပွ အရောင်ဖျော့ဖျော့ ဝတ်ဆင်ပါ။ အသားပေါ် နေရောင် တိုက်ရိုက်မထိအောင်နေပါ။ နေရောင်ထိ လွယ်တဲ့နေရာ၊ နေလောင်ဒဏ်ဖြစ်လွယ်တဲ့နေရာကို နေရောင်ကာခရင်မ် SPF အနည်းဆုံး ၃၀ လောက်ပါတာကို နေပူထဲမထွက်မီ ကြိုလိမ်းပါ။ ဖြစ်နိုင်ရင် ခရမ်းလွန်ရောင်ခြည်ကို ဟန့်တားပေးနိုင်တဲ့ နေကာ မျက်မှန်သုံးပါ။ နေပူထဲထွက်တိုင်း ထီးဆောင်းပါ။ နေပူထဲထွက်တဲ့အခါမှာ ရေခဲရေ၊ အေးလွန်းတဲ့အရည်၊ ရေခဲမုန့် စတာတွေ ရှောင်ပါ။ သစ်သီးဖျော်ရည်၊ ရေ များများသောက်ပါ။ အသီးအရွက် များများ စားပေးပါ။ နေလောင်တာဆိုးလွန်းရင်တော့ ကုသမှု ခံယူဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top