Healthy Life Ad
Life Style

မိန်းမကိုယ်ရောင်ရမ်းမှု မဖြစ်စေရန် ကာကွယ်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းမကိုယ်ရောင်ရမ်းမှုမဖြစ်အောင် လုပ်နိုင်တဲ့ ကာကွယ်နည်းတွေကတော့-
မိန်းမကိုယ်ထဲကို စအိုတစ်ဝိုက်က ဘက်တီးရီးယားပိုးမွှားတွေ မဝင်အောင် ကာကွယ်နိုင်စေဖို့ အိမ်သာသွားပြီးတဲ့အခါတိုင်း ရှေ့ဘက်ကနေ နောက်ဘက်ကို သန့်စင်ပေးပါ။ သန့်စင်ပြီးတဲ့အခါ ခြောက်သွေ့သွားအောင် တစ်ရှူးနဲ့သုတ်ပေးပါ။

ချည်သားနဲ့လုပ်ထားတဲ့ အတွင်းခံဘောင်းဘီကိုဝတ်ဆင်ပေးပါ။ ညဘက်မှာ အတွင်းခံ ဘောင်းဘီကျပ်ကျပ်တွေ မဝတ်ထားပါနဲ့။ ဝတ်ထားရင် မျိုးပွားအင်္ဂါတွေဆီကို လေအလုံအလောက်မရောက်ရှိစေပါဘူး။

တင်းကျပ်ပြီး နိုင်လွန်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီ မဝတ်ပါနဲ့။ ချည်သားဘောင်းဘီဝတ်ပါ။

အတွင်းခံဘောင်းဘီတွေကို လျှော်ဖွပ်တဲ့အခါမှာ ဓာတုဗေဒပစ္စည်းပါဝင်မှု နည်းတဲ့ အပျော့စားဆပ်ပြာကိုသုံးပြီး လျှော်ပါ။ အတွင်းခံဘောင်းဘီကို သေချာစင်ကြယ်အောင် လျှော်ဖွပ်ပါ။ မီးပူတိုက်ပြီးမှသာ ဝတ်ဆင်ပါ။

မိန်းမကိုယ်အတွင်းပိုင်းထဲကို သန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့။ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောရင် ပိုးမွှားတွေရဲ့ သဘာဝဟန်ချက်ညီမှုကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

အပေါ့သွားပြီးတဲ့အခါမှာလည်း မိန်းမကိုယ်ကိုရေနဲ့ဆေးကြောပြီး အဖြူရောင် တစ်ရှူးနဲ့သုတ်ပေးပါ။

မိန်းမကိုယ်အနံ့ဆိုးဟာ မိန်းမကိုယ်ရဲ့ အပြင်ဘက်ပိုင်းကနေ ထွက်လာတတ်တာကြောင့် မိန်း မကိုယ်တစ်ဝိုက်ကို အမြဲတမ်းခြောက်သွေ့သန့်စင်နေအောင်ထားပေးပါ။ မိန်းမကိုယ်အပေါ်ယံကိုသာ ရေနဲ့အပျော့စားဆပ်ပြာသုံးပြီး ဆေးကြောပေးပါ။

မိန်းမကိုယ်တစ်ဝိုက်က ပိုးတွေရဲ့ မျှခြေ (စံ)ကိုထိန်းညှိပေးနိုင်မယ့် သန့်စင်ဆေးရည်သုံးကာ ဆေးကြောပေးပါ။

(မှတ်ချက်။ ။အဖြူဆင်းတာကအလွန်များပြီး အနံ့ဆိုးထွက်နေရင်၊ ယားယံနေရင်၊ ဆီးသွားတဲ့အချိန်မှာ ပူစပ်ပူလောင်ဖြစ်နေရင်၊ မိန်းမကိုယ်တစ်ဝိုက် စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
သင်ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဒီလက္ခဏာတွေခံစားနေရရင် သင်နဲ့အတူ သင့်ခင်ပွန်းပါ ဆေးကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးကုသမှုခံယူပြီး လုံးဝ ပျောက်ကင်းတဲ့အထိ လိင်ကိစ္စကို ရှောင်ကြဉ်ဖို့ လိုပါတယ်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top