Healthy Life Ad
International

တစ်ခါအိပ်ရင် နေ့ရက်ပေါင်းများစွာ အိပ်လေ့ရှိတဲ့ ကျောင်းသူလေး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ်ကျောင်းသူလေး ဂမ်မာဂါးဖာ့က ရှားပါးကာ ကုသမရတဲ့ Kleine-Levin Syndrome (KLS) ဆိုတဲ့ ရောဂါတစ်မျိုး ခံစားနေရပါတယ်။ ရောဂါကြောင့် တစ်ခါတစ်ရံ တစ်ခါအိပ်ရင် သီတင်းပတ်တစ်ပတ်ခန့်ကြာ အိပ်ပျော်တတ်တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝှမ်း လူ ၁၀ဝ၀ ဝန်းကျင်ခန့်သာ ဒီရောဂါဖြစ်ပွားနေပြီး အပြင်းအထန်ပင်ပန်းတာ၊ စိတ်ကယောက်ကယက်ဖြစ်တာနဲ့ စိတ်ချောက်ချားတဲ့ လက္ခဏာတွေ ပြသတတ်ပါတယ်။ ဂမ်မာအသက်၁၅နှစ်အရွယ်မှာ ရောဂါကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပထမဆုံးအချိန်မှာ ဂမ်မာက ၁၄ရက်ကြာ အိပ်ပျော်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့၅နှစ်အတွင်း ဒီလိုရှည်ကြာတဲ့ အိပ်စက်မှုမျိုးကို အကြိမ်၃၀ခန့်ခံစားခဲ့ရပါတယ်။ဆရာဝန်တွေက ဂမ်မာကို ကုထုံးတချို့နဲ့စမ်းသပ်ကုသခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး။ ပင်ပန်းနွမ်းနယ်တာနဲ့ အရက်သောက်တာတို့က ရှည်ကြာစွာအိပ်စက်မှုကို အားပေးတယ်လို့သိရပါတယ်။ အိပ်စက်မှုတွေကြောင့် စာမေးပွဲတွေ ကျောင်းတက်ရက်တွေလွဲချော်ဖူးပြီး လူမှုဒုက္ခတွေဖြစ်ပွားစေကြောင်း သူကပြောပါတယ်။ ဂမ်မာက ဒီလိုအိပ်စက်မှုကြောင့် ခရစ္စမတ်ပွဲတော်တစ်ခုကို လွဲချော်ခဲ့ဖူးပြီး ယခုနှစ်မလွဲချော်စေဖို့ ဆုတောင်းနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top