Healthy Life Ad
Life Style

ဘီကီနီဝတ်တိုင်း ကိုယ်လုံးလှပစေမည့် လေ့ကျင့်ခန်း

လရိပ်မေ
ဆွဲဆောင်မှုရှိတဲ့ ပေါင်တံ၊ ချပ်ရပ်တဲ့ ဝမ်းဗိုက်နဲ့ ကျစ်လျစ်တဲ့ ကိုယ်လုံးပိုင်ဆိုင်စေဖို့ သွက်လက်ပေါ့ပါးစွာ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

နည်းလမ်း (၁) ပုံမှာ ပြထားတဲ့အတိုင်း လက်တစ်ဖက် ဆန့်တန်းကာ တစ်ဝက်ထိုင်ပြီး ခြေထောက်ကို ရှေ့ထုတ်လိုက်၊ မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ကို နောက်ဆန့်ထုတ်လိုက် အကြိမ် ၂၀ ပြုလုပ်ပေးပါ။

နည်းလမ်း (၂) ခုံပုတစ်လုံးပေါ်မှာ ဘယ်ခြေထောက်တင်ပြီး လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းပါ။ အချိန် ၁၀ စက္ကန့်ကြာမှ ညာဘက်ပြောင်း လုပ်ပါ။

နည်းလမ်း (၃) လက်နှစ်ဖက်ကို နားရွက်ပေါ်အုပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်၊ ထခုန်လိုက်လုပ်ပေးပါ။ ၁၆ ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

နည်းလမ်း (၄) ပုံမှာပြထားတဲ့အတိုင်း တစ်ဝက်ထိုင် ပေးရမှာပါ။ အဲဒီအနေအထားကို ၄၀ စက္ကန့်နေပါ။

နည်းလမ်း (၅) တစ်ဝက်ထိုင်ပြီး ဘယ်ဘက်ခြေထောက်ကို ဆန့်ထုတ်ပေးပါ။ ခြေထောက်တစ်ဖက်စီကို အကြိမ် ၂၀ လုပ်ပေးပါ။

နည်းလမ်း (၆) မတ်မတ်ရပ်ပြီး ညာခြေထောက်ကို ရှေ့သို့ကန်လိုက်၊ ထိုင်ချလိုက်လုပ်ပါ။ ပြီးရင် ဘယ်ခြေထောက်ပြောင်းလုပ်ပါ။ အကြိမ် ၂၀ စီလုပ်ပါ။

နည်းလမ်း (၇) ပက်လက်လှန် လှဲလျောင်း ပြီး ခါးနဲ့တင်ပါးကို မြှင့်လိုက်၊ ပြန်ချလိုက် အကြိမ် ၂၀ခန့်လုပ်ဆောင်ပါ။

နည်းလမ်း (၈) ဖနောင့်မြှင့်လိုက်၊ ချလိုက် လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။

နည်းလမ်း (၉) မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ရှေ့ဘက်ကိုင်းကာ ခြေဖျားထိပ်ကိုထိပေးပါ။ ပြီးရင် ဘယ်ခြေထောက်ကိုထောက်ပြီး ပုံပါအတိုင်း ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top