Healthy Life Ad
Q & A

သက်ကြီးရွယ်အိုဘဝအထိ သွားကျန်းမာကြံ့ခိုင်စေရန် . .

မေး. သက်ကြီးရွယ်အိုအထိ သွားတစ်ချောင်းကို အမြစ်ထုတ် (RCT)နည်းနဲ့ ကုရတဲ့အဆင့်မရောက်ဖို့နဲ့ သွားတစ်ချောင်း ကျန်းမာကြံ့ခိုင်မှုရှိစေဖို့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သင့်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားခိုင်ခံ့ဖို့က သွားတိုက်တာကို နည်းမှန်လမ်းမှန်လုပ်ပေးဖို့ပဲ။ လူတွေက လက်ကလေးနဲ့ သွားတွေကိုတိုက်တာ မလုပ်ရပါဘူး။ သွားပွတ်တံသုံးရင်လည်း အမာမသုံးရဘူး၊ အပျော့ကို သုံးရပါမယ်။ ပြီးတော့ သွားပွတ်တံအကြီးကြီးနဲ့လည်း မတိုက်ရပါဘူး။ အကြီးကြီးနဲ့ တိုက်ရင် အံဆုံးတွေအထိ မရောက်တော့ဘူး၊ သွားပွတ်တံက အံဆုံးနေရာအထိရောက်တဲ့ ပျော့ပျော့ချွန်ချွန်လေးတွေသုံးရပါမယ်။ လျှာကိုပါတိုက်ပေးရပါမယ်။ လျှာမှာလည်း အညစ်အကြေး တွေရှိနေတာပဲ၊ သွားပွတ်တံပျော့ပျော့နဲ့လျှာကိုပါ ညင်ညင်သာသာတိုက်ပေးသင့်ပါတယ်။ ကွမ်းစားတာနဲ့ ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်။

အသက်ကြီးတဲ့အထိ သွားတွေကောင်းနေချင်ရင် ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန်သွားတိုက်ပေးရပါမယ်၊ သွားဆရာဝန်နဲ့ မှန်မှန်ပြပေးရပါမယ်။ “သွား”လို့ ပေးထားတဲ့အမည်ကိုက သွားဆရာဝန်ဆီပုံမှန်သွားပြဖို့ ပေးထားတာဖြစ်ပါတယ်။ ဒါဆိုရင် အသက် ၇၀-၈၀ အရွယ်အထိ သွားတွေကောင်းနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top