Healthy Life Ad
Life Style

တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး

ဒေါက်တာတင့်ဆွေ

မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇဝေဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။

မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။

မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ်ဖြစ်စေပါသလား။

တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ်စာကတ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း (ဂူဂယ်လ်)မှာတွေ့ပါတယ်။ ရေးထားတာတွေက ပညာပေးနဲ့မတူကြပါ။

၂၂-၅-၂၀၁၃ရက်နေ့က သတင်းတစ်ပုဒ်မှာ Burundanga business card ကတ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အတုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက် ဓာတ်ဆီဆိုင်တစ်ခုမှာ လိပ်စာကတ်ပေးပြီး နောက်ယောင်ခံအလိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။ အဲဒီကပ်မှာ Burundanga ဆေးပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေးပါးစပ်ကနေဝင်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲခပ်ထားတာ သောက်မိရင်တော့ ဖုတ်ဝင်သလိုဖြစ်ပါလိမ့်မယ်။ အဲဒီလိုမျိုး နယူးယောက်မှာဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။

ဘူရူဒန်းဂါဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angle’s Trumpet ပဒိုင်းပင်ဟာလည်း ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဖူးပေမယ့် ကြားဖူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓာတ်ခွဲခန်းမှာလည်းထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဖို့ အများကြီးသုံးပါတယ်။ မှတ်ဉာဏ်ကိုသက်ရောက်စေပြီး ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။

ဆေးဝါးဗေဒအလိုအရ ှScopolomine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လည်းခေါ်တယ်။ မျက်စိသူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့အူတွေ အလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွာအနေနဲ့ရတယ်။

Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့သုံးတယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လည်း သုံးတယ်။ နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည်စတာတွေ အထွက်သက်သာအောင်လည်းသုံးတယ်။ ပါကင်ဆိုနဇင်ရောဂါအတွက်လည်းသုံးတယ်။ အရင်တုန်းက ဘိန်းဖြူနဲ့ကို ကိန်းဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လည်းရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့ သုံးတယ်။ ဥပမာ မောဖိန်း။ သားဖွားခန်းမှာလည်း ငြိမ်ဆေးအဖြစ်သုံးကြတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေ၀ါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင် ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုပ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုပဲ မှတ်ဉာဏ်လျော့နည်းစေတယ်။

တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ဆိုပြီးသုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဖို့အတွက်လည်းသုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ၊ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုပ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီးတိုက်တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ် . . .

၉-၇-၂၀၁၀ ရက်နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ်လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ သေလောက်အောင်ဆိုးတဲ့ နှလုံးခုန်မမှန်တာနဲ့ ပန်းနာထသလို အဆုတ်လေပြွန်တွေ ကျဉ်းတာတွေဖြစ်လာမယ်။ ရောဂါဗေဒဂျာနယ်မှာ ဒီဆေးရဲ့ ဟယ်လူစီနေးရှင်းသတ္တိဟာ စိတ်သာယာဖို့ထက် ကြောက်မက်ဖွယ်ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာရူးသွပ်စေတယ်။

ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့လူတယောက်ကို (ဆွစ်) သဘာဝသိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငုလေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကိုစိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာချွေးစီးတွေ ပျံလာတယ်။ လူသေလိုပဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေထောင်နေတယ်။ အသက်ရှူတာလည်း ရင်ဘတ်က ခပ်နှေးနှေး ဖောင်းလိုက်-ပြားလိုက်နဲ့ တစီစီမြည်နေတယ်။ လက်နှစ်ဖက်ကတင်းပြီး ဘေးချထားတယ်။ မျက်လုံးကမျက်ရည်တွေ အများကြီးစီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။
ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။

အဲဒီနောက် အဲလိုဖြစ်တာတွေက ပြင်းထန်လာတယ်။ မျက်လုံးတွေနီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာကြွက်သားတွေတွန့်လှုပ်လာတယ်။ တစ်ဝက်တပျက် ပွင့်နေတဲ့ပါးစပ်က အမြှုပ်ဖြူတွေထွက်လာတယ်။ လည်ပင်းကြောတွေ လှုပ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ဘတ်လှုပ်နေတယ်မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တစ်ကိုယ်လုံးစိုရွှဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့အော်လိုက် ဘာသံတွေလည်း ခွဲလို့မရဘူး။

ကိုလမ်ဘီယာနိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ်သုံးကြတယ်။ အမှုန့်ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လည်းသေသွားမယ်။ စုန်းမှော်အတတ်ပညာမှာလည်း သုံးတယ်လို့သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လည်း နာမည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။

Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့ဝှက်ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့သံသယရှိကြတယ်။

ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း(ပီကေ)၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ် ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတင်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့ဝှက် ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်း အရေးအခင်းမှာသုံးတယ်လို့ သံသယရှိကြတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top