Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ပြီး တွဲဖက်စားသင့်သည့် အကောင်းဆုံး အစာများ

၊ လရိပ်မေ ၊

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပြန်လည် ဖြည့်စွက်စားသင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ တချို့အဆီတွေကို တွဲဖက်စားသောက်တာကြောင့် စွမ်းအင် ပြန်လည် ဖြည့်ပေးနိုင်ပြီး ကြွက်သားတွေကိုပြန်လည်အားဖြည့် ပေးနိုင်ပါတယ်။

– ဒိန်ချဉ်၊ လိမ္မော်သီးနှင့် ငရုတ်သီး
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဗီတာမင်စီများများပါတဲ့ အနီရောင် ငရုတ်ပွသီးနဲ့လိမ္မော်သီးတို့ကို စားတာကြောင့် လေ့ကျင့်ခန်းကြောင့် ကြွက်သား တွေအပေါ် ဒဏ်သက်ရောက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒိန်ချဉ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းရောနှောပါဝင်တဲ့အတွက် စွမ်းအင်ပြန် လည်ရရှိစေဖို့ ဒိန်ချဉ်ကိုပါ သောက်ပေးပါ။

– ပေါင်မုန့်နှင့် တူနာငါး
အဆီနည်းပရိုတင်းတစ်မျိုးဖြစ်တဲ့ တူနာငါးဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန် စားသင့်တဲ့ သရေစာပါ။ တူနာငါးပေါ်မှာ သံပရာရည်နဲ့သံလွင်ဆီ အနည်း ငယ်ထည့်ပြီး အညိုရောင်ပေါင်မုန့်နှစ်ချပ်ကြား ညှပ်စားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေ ပြန်လည်သန်စွမ်းစေဖို့ ဒီကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းက ကောင်းစွာအသုံးဝင်ပါတယ်။

– အဆီနည်း ဒိန်ခဲနှင့် သစ်သီး
အမျှင်ဓာတ်များစွာပါဝင်တဲ့ ပန်းသီးနဲ့ အဆီ နည်းဒိန်ခဲကို တွဲဖက်စားပေးတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေ ညောင်းညာတာကို အမြန်ဆုံး ပြန်လည်သက်သာလာစေပါတယ်။

– အခွံမာစေ့နှင့် ဆီးသီးခြောက်
ပရိုတင်းနဲ့ ကောင်းမွန်တဲ့ အဆီဓာတ်ပါတဲ့ အခွံမာစေ့ဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန် စားသင့်ပါတယ်။ အထူးသဖြင့် ဏငျအခေ့ငသျမှာ တခြား အခွံမာစေ့တွေထက် ပိုတက်စီယမ်များများ ပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ရင်း ချွေးကတစ်ဆင့် ထွက်သွားတဲ့ ဓာတ်ဆားတွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top