Healthy Life Ad
Life Style

အားကစားခန်းမတွင် တစ်နာရီလေ့ကျင့်ခန်းလုပ်သကဲ့သို့ ထိရောက်မှုရှိစေသည့် လေးမိနစ်လေ့ကျင့်ခန်း

၊ သဒ္ဒါထက် ၊

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက လူတိုင်းအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် အားကစားခန်းမမှာသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ရင် အိမ်မှာပဲအချိန်လေးမိနစ်သာသာပေးရုံနဲ့ လေ့ကျင့်ခန်လုပ်နိုင်မယ့်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဆောင့်ကြောင့်ထိုင်ခြင်း

လိုအပ်သောအချိန် – ၆၀ စက္ကန့်
ခြေထောက်ကို ပခုံးအကျယ်ထက် အနည်းငယ်ပိုချဲပြီးရပ်ပါ။ ပြီးရင်လက်နှစ်ဖက်ကို ဦးခေါင်းနောက်ဘက်မှာထိကပ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို စတင်နှိမ့်ချကာ တင်ပါးကိုနောက်သို့ပစ်ပါ။ ထိုင်ခုံတစ်လုံးပေါ်ထိုင်တဲ့ဟန်မျိုးလုပ်ပေမယ့် နောက်ကျောကို အဖြောင့်အတိုင်းနေပါ။ ပြီးရင် အစပိုင်းအနေအထားအတိုင်းနေပါ။ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေကို ထိရောက်မှုရှိစေပါတယ်။


(၂) လက်ထောက်မှောက်လေ့ကျင့်ခန်း

လိုအပ်သောအချိန် – ၆၀ စက္ကန့်
ပုံ (A)အတိုင်းနေပါ။ လက်တွေကို ပခုံးအကျယ်အတိုင်းထားပြီး ပခုံး၊ ဒူးနဲ့ ခြေသလုံးက ဖြောင့်တန်းနေရပါမယ်။ ခန္ဓာကိုယ်ကို ကြမ်းပြင်ဆီနှိမ့်ချပြီး လက်မောင်းတွေကို ဖြောင့်ဖြောင့်ကွေးပေးပါ။ ပုံ(B)အတိုင်းလုပ်ပြီးရင် ပုံ(A)အတိုင်း ပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းက ရင်ဘတ်ကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထိရောက်မှုရှိစေပါတယ်။


(၃) တောင်တက်ဟန်လေ့ကျင့်ခန်း

လိုအပ်သောအချိန် – ၃၀ စက္ကန့်
ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကိုသန်စွမ်းစေပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ကြမ်းပြင်မှာ လက်ထောက်မှောက်တဲ့ဟန်နေပြီး ညာခြေသလုံးကို ပုံ(A)အတိုင်း ဝမ်းဗိုက်ဆီဆွဲယူပါ။ ဒူးတွေကို ရင်ဘတ်ဆီ ဖြည်းဖြည်းချင်း ဆွဲယူလိုက်ပြီး တင်ပါးနဲ့နောက်ကျောကို အဖြောင့်အနေအထားအတိုင်းနေပါ။ ပြီးရင် ဘယ်ဘက်ခြေသလုံးကို ရင်ဘတ်ဆီ ဖြည်းဖြည်းချင်းဆွဲယူတဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပေးပါ။


(၄) ခြေသလုံး လေ့ကျင့်ခန်း

လိုအပ်သောအချိန် – ၆၀ စက္ကန့်
ပုံ (A)အတိုင်း မတ်မတ်ရပ်ပြီး လက်တွေကို တင်ပါးဘေးမှာထားပါ။ ဘယ်ခြေထောက်ကို ရှေ့ဘက်ဆတ်ခနဲဆွဲထုတ်ပါ။ (ဒူးကို ၉၀ဒီဂရီအနေ အထားမှာထားရပါမယ်) ညာခြေထောက်ကို နောက်ဘက်သို့ ဆတ်ခနဲဆုတ်လိုက်ပါ။ ခါးနောက်ကျောက တစ်ချိန်လုံးအဖြောင့်အနေအထားဖြစ်နေရပါမယ်။


(၅) ခုန်ပေါက်သည့် လေ့ကျင့်ခန်း

လိုအပ်သောအချိန် – ၄၅ စက္ကန့်
ပုံ (A)အတိုင်း မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို တင်ပါးဘေးဘက်မှာ ဆန့်တန်းထားပါ။ ပြီးရင် ခန္ဓာကိုယ်ကိုခုန်ပြီး လက်နှစ်ဖက်ကို ဦးခေါင်းပေါ်မြှောက်ကာ ဆန့်ထုတ်လိုက်ပါ။ (ခြေထောက်နှစ်ချောင်းကို အနည်းငယ်ချဲထားရပါမယ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top