Healthy Life Ad
International

ကိုယ်အလေးချိန် ၃၉၂ပေါင်ကျသွားသည့် ကိုယ်ရံတော်ဟောင်း

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ ကိုယ်ရံတော်အဖြစ်လုပ်ကိုင်ခဲ့တဲ့ အသက် ၃၁နှစ်အရွယ် ပါစကွယ်ပက်ဘရော့ကိုက ကိုယ်အလေးချိန် ပေါင် ၆၁၆ ပေါင်ရှိခဲ့ပြီး ကွေကာ၊ ပီဇာနဲ့ ချောကလက်တောင့်တွေ စားခဲ့တယ်လို့ သိရပါတယ်။ ကယ်လိုရီ ၁၀ဝ,ဝ၀ ဝန်းကျင်ပါတဲ့ ဘာဂါတွေ၊ အာလူးချောင်းတွေနဲ့ ကြက်သားတုံး ၁၀ဝ ကျော်ခန့်ကို တစ်ထိုင်တည်းစားလေ့ရှိပါတယ်။

၂၀၁၃ခုနှစ်က သူ့မှာ အကြိုဆီးချိုရှိနေတာ တွေ့ခဲ့ရပါတယ်။ သွေးတိုးရှိနေပြီး အသည်းအဆီဖုံးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်အလေးချိန် ကျဆင်းအောင်ပြုလုပ်ဖို့ တိုက်တွန်းခံရပြီး တိုးမြဲတိုးနေမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်ကရှင်းပြခဲ့ပါတယ်။ ပက်က ပထမအစမှာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ပေမယ့် နောက်ပိုင်းမှာ စိတ်ပိုင်းဖြတ်နိုင်ခဲ့ကာ ကိုယ်ကာယလေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

အားကစားလေ့ကျင့်ရုံသွားခဲ့ကာ လေ့ကျင့်ရေးဆရာကောင်းတစ်ယောက်လည်း ရရှိခဲ့ပါတယ်။ အစားအသောက်လည်း ဆင်ခြင်ခဲ့ပြီး ဟင်းသီးဟင်းရွက်တွေ၊ အာဟာရပြည့်တဲ့ အသားတွေကိုသာ စားတော့တယ်လို့သိရပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေနဲ့ စည်းကမ်းရှိတဲ့စားသောက်မှု ပုံစံတွေကြောင့် ပက်ရဲ့ကိုယ်အလေးချိန်ဟာကျဆင်းလာခဲ့ပါတယ်။ အခုအခါမှာတော့ ကိုယ်အလေးချိန် ၂၂၄ ပေါင်သာရှိတော့ပြီး ခန္ဓာကိုယ်အဆီ ၁၁ရာခိုင်နှုန်းသာ ရှိတော့ပါတယ်။

တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နေတဲ့ပက်က သူရဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး တခြားသူတွေကို အကြံဉာဏ်ပေးနေတယ်လို့သိရပြီး ကလေးတစ်ယောက်ရှိတဲ့ပက်က မိသားစုရဲ့အနာဂတ်အတွက် ကျန်းမာတဲ့ဘဝရရှိအောင် စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top