Healthy Life Ad
Health Tips

ပျားရည်၏ အံ့ဖွယ်အကျိုးကျေးဇူး ၉ ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ဓာတ်မတည့်မှုကို သက်သာစေပါတယ်
ပျားရည်မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့အစွမ်းရှိပြီး ဓာတ်မတည့်တုံ့ပြန်မှုကို လျော့ကျစေပါတယ်။ ပျားရည်မှာပါတဲ့ ပန်းဝတ်မှုန်ကြောင့်လို့ ဆိုပါတယ်။

(၂) ချောင်းဆိုးတာကို သက်သာစေပါတယ်
ပျားရည်က လည်ချောင်းတစ်ဝိုက်ကို အကာအကွယ်ပေးပြီး ချောင်းဆိုးတဲ့ဖြစ်စဉ်ကို လျော့ကျစေပါတယ်။ ပျားရည်အနည်းငယ်ကို သံပရာရည်နဲ့ရောပြီး ရေနွေးထဲထည့်ကာ သောက်ပေးရမှာပါ။

(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်
ပျားရည်က အိပ်မပျော်တဲ့ညအတွက် သင့်တော်ပါတယ်။ ပျားရည်သောက်ရင် ဆီရိုတိုနင်နဲ့ အင်ဆူလင်အဆင့်ကိုတိုးစေပြီး ခန္ဓာကိုယ်ကနေ မယ်လတိုနင်အဆင့်ကို ပြောင်းလဲစေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ပျားရည်သောက်တာကြောင့် အိပ်စက်မှုအရည်အသွေးကို ကောင်းမွန်စေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(၄) မီးပူလောင်နာနဲ့ ဒဏ်ရာတွေကို ကုသပေးပါတယ်
ပျားရည်မှာ သဘာဝပဋိဇီဝပိုးသတ်ဆေးအစွမ်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို ကိုယ်တွင်းနဲ့ ပြင်ပဒဏ်ရာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ သဘာဝပိုးသတ်ဆေးက ဘက်တီးရီးယားပိုးမွှားတွေကို တွန်းလှန်ပေးပြီး ဒဏ်ရာနဲ့အနာတွေကို အမြန်ကျက်စေပါတယ်။

(၅) မှတ်ဉာဏ်ကောင်းစေပါတယ်
ပျားရည်မှာ အင်တီအောက်ဆီးဒင့်အဆင့် ပါဝင်မှုများတာကြောင့် ဦးနှောက်ယိုယွင်းထိခိုက်မှု ဖြစ်စဉ်ကိုလျော့ကျစေပါတယ်။ ပျားရည်ဟာ ကယ်လ်ဆီယမ်စုပ်ယူမှုအားကောင်းစေပြီး ကယ်လ်ဆီယမ်က ဦးနှောက်ကို အားဖြည့်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ပျားရည်က မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၆) စွမ်းအင်တိုးစေပါတယ်
ပျားရည်မှာ စွမ်းအင်အပြည့်အဝပါဝင်ပြီး ကြွက်သားထုထည်ကို အားကောင်းစေပါတယ်။

(၇) ဗောက်ပျောက်စေပါတယ်
ပျားရည်က အရေပြားနဲ့ ဦးရေပြားအတွက် အစွမ်းထက်အနာကျက်ဆေးပါ။ ပျားရည်ကို ရေနဲ့ရောပြီး ခေါင်းမလျှော်ခင် သုံးနာရီအလိုမှာ ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။ ပြီးမှပုံမှန်ခေါင်းလျှော်သလို လျှော်ချလိုက်ရင် ဗောက်ပျောက်စေပါတယ်၊ ဦးရေပြားယားယံတဲ့ ဝေဒနာကိုလည်းသက်သာစေပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။

(၈) ရင်ပူဝေဒနာ သက်သာစေပါတယ်
ပျားရည်က ရင်ပူတဲ့ဝေဒနာလက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။ ပျားရည်က အစာရေမျိုပြွန်နံရံကို အကာအကွယ်ပေးတဲ့အတွက် မအီမသာဝေဒနာကို သက်သာစေပါတယ်။ ပျားရည်သောက်တာကြောင့် ရင်ပူတာကြောင့်ဖြစ်တဲ့ ကိုယ်တွင်းထိခိုက်မှုကို တွန်းလှန်ပေးပါတယ်။ ပျားရည်မှာပါတဲ့ အင်ဇိုင်းတွေက အစာကြေညက်စေပြီး ရင်ပူဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၉) အူလမ်းကြောင်း သန်စွမ်းစေပါတယ်
ပျားရည်မှာ အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့အတွက် အစာကြေညက်စေပြီး အာဟာရဓာတ် စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို ဟန်ချက်ညီမျှစေပါတယ်။ ပျားရည်ဟာ အူရောင်ရမ်းတဲ့ ဝေဒနာ၊ ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်တဲ့ ဝေဒနာတွေလို အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top