Healthy Life Ad
Q & A

ခံတွင်းနံ့ နံတဲ့ပြဿနာ အဖြေရှာ

မေး ။ ဘီပိုးရှိပါတယ်ရှင့်။ အသည်းကိုဓာတ်မှန်ရိုက်တော့ အသည်းက ကောင်းသေးတယ်။ ဘီပိုးကို တိုက်နိုင်တဲ့ပိုးတွေလည်း ရှိပါတယ်၊ အသည်းအတွက် ဆေးသောက်ဖို့မလိုဘူးလို့ပြောပါတယ်။ သွား နှင့်ခံတွင်းနဲ့ပတ်သက်ပြီး ဆရာဝန်အတော်များများနဲ့လည်းပြပြီး စစ်ဆေးပြီးပါပြီ။ သွားနဲ့ပတ်သက်တဲ့ သန့်ရှင်းရေးတွေလည်း လုပ်ပါတယ်ရှင့်။ ခံတွင်းအနံ့ အရမ်းနံတယ်လို့ ခံစားနေရပါတယ်။ သွားနဲ့ခံတွင်း ပြဿနာမရှိဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ ခံတွင်းအနံ့မနံအောင် ဘယ်လို လုပ်သင့်ပါသလဲ။ အသည်းဆေးသောက်သင့်ပါသလား။
ခင်မေသူ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ခံတွင်းနံ့သက်သာစေဖို့ သက်သက်အတွက်နဲ့ အသည်းဆေး ဝယ်သောက်ဖို့မလိုပါ။ လိုအပ်တဲ့ စစ် ဆေးပြသမှုတွေလည်း လုပ်ထားပြီးပြီဆိုတော့ စိုးရိမ်စရာသိပ်မရှိပါ။ ခံတွင်းအနံဆိုးနေတယ်ထင်ရင် အ စာစားပြီးတာနဲ့ သွားတိုက်ပါ။ ခံတွင်းအနံ့သက်သာစေတဲ့ ပလုတ်ကျင်းဆေးရည် တစ်မျိုးမျိုးသုံးပါ။ ပီကေလိုမျိုး မကြာမကြာဝါးစားပါ။ သက်သာသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top