Healthy Life Ad
Local

သာမန်လူများကဲ့သို့ မဟုတ်ဘဲ အရေပြား တစ်လွှာသာ ပါသဖြင့် တစ်ကိုယ်လုံးအနာများနှင့် သွေးများထွက်နေရှာသည့် သမီးလေး ချစ်စနိုးဦး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မွေးရာပါ အရေပြားပါးလွန်းသည့် ရောဂါကြောင့် တစ်ကိုယ်လုံးအနာများဖြစ်ပြီး သွေးများထွက်နေရှာသည့် အသက် ၉ နှစ်အရွယ်သမီးလေးချစ်စနိုးဦးအတွက် ဆေးကုသစရိတ်နှင့် အာဟာရအခက်အခဲများရှိနေကြောင်း မိခင်ဖြစ်သူ မကြည်ကြည်သိန်း Healthy Life ဂျာနယ်သို့ ၂၃-၂-၂၀၁၈ ရက်နေ့က ပြောသည်။

“သမီးလေး ချစ်စနိုးဦးက အသက် ၉ နှစ်ပါ။ မွေးကတည်းက အရေပြားက တစ်လွှာတည်းပါတော့ မွေးမွေးချင်း ခုတင် ၃၀ဝ ဆံ့ဆေးရုံတက်ရပါတယ်။ အဲဒီကတည်းကနေ အခုချိန်ထိ ဆေးရုံကိုအမြဲတက်နေရပါတယ်။ အိမ်မှာနေရင် ၃-၄ ရက်ပါပဲ။

တစ်ခါတလေ တစ်ပတ်ပဲ နေရတယ်။ ကလေးကအိမ်မှာ အနံ့အသက်မကောင်းတာကော ပူတာကောဆိုတော့ ယပ်တောင်လေး ခပ်ပေးနေရတယ်။ ဒါပေမဲ့ အရေပြားကပါးပြီး သွေးကထွက်တယ်၊ တစ်ကိုယ်လုံးမှာ အနာတွေဖြစ်နေရှာပါတယ်။ သာမန်လူမှာအရေပြား သးုံလွှာပါပေမယ့် သမီးလေးမှာ တစ်လွှာပဲပါလို့ ဒီလိုဖြစ်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်ရှင့်။

သူ့ကို မချီတတ်ရင် အရေပြားကို ပွတ်သလိုဖြစ်သွားတယ်။ မွေးတုန်းက ခြေထောက်ပါပေမယ့် အခုကျတော့ ခြေချောင်းက ပူးသွားပြီ။ လမ်းမလျှောက်နိုင်တော့ဘူး”ဟု မကြည်ကြည်သိန်းကချစ်စနိုးဦးအကြောင်း ပြောပြခဲ့သည်။

မွေးရာပါ အရေပြားပါးလွှာသည့်ရောဂါကြောင့်ချစ်စနိုးဦး၏ အရေပြားမှ သွေးစိမ့်နေပြီး တစ်လလျှင်သွေး၃ပုလင်းခန့် ပုံမှန်သွင်းနေရကြောင်း၊ ယခုအထိဆိုလျှင် သွေးပ လင်း၂၀ဝကျော်သွင်းပြီးခဲ့ပြီ ဖြစ်ကြောင်း၊ အရေပြားဆေးရုံတစ်လှည့်၊ ကလေး ဆေးရုံဟောင်းတစ်လှည့်အမြဲကုသနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။”ဆေးရုံမှာ အစပိုင်း အလှူရှင်တွေက ကုပေးပါတယ်။ နောက်ပိုင်းကျတော့ ဆေးရုံက ဆရာဝန်တွေကလည်း တတ်နိုင်သမျှ ကုပေးပါတယ်။

အဓိက လိုအပ်တာက ဆေးရုံတက်ရင် ဆေးဖိုး၊ နို့မှုန့်ဖိုးနဲ့ စားစရာ လိုအပ်ပါတယ်။ သူက ထမင်းစားရင် ပါးစပ်ထဲက သွေးတွေပါတော့ ထမင်းဝါးကျွေးရင်ကျွေးရပါတယ်။ များသောအားဖြင့် နို့မှုန့်တိုက်ရပါတယ်။ ကလေးက နေပူဒဏ်မခံနိုင်ဘူး။ ကလေးကကျောင်းတက်ချင်ပေမယ့် ထားလို့မရဘူး။ အဝတ်အစားကလည်း သေးသွားတော့ သူ့အစ်ကို အင်္ကျီလေးတွေဝတ်ပေးတယ်”ဟုမကြည်ကြည်သိန်းကဆိုသည်။

ကလေးဖခင်ဖြစ်သူကိုကျော်မိုးက ပန်းပဲအလုပ်ရုံတွင် လုပ်ကိုင်ပြီး မိခင်ဖြစ်သူ မကြည်ကြည်သိန်းက အရပ်ထဲ အဝတ်လျှော်ရသဖြင့် ရေရှည်တွင်ချစ်စနိုးဦးကို ဆေးကုသပေးရန်နှင့် အာဟာရ ကျွေးရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း၊ လှူဒါန်းလိုသူများအနေဖြင့် သမီးလေးချစ်စနိုးဦးတို့ မိသားစုနေထိုင်သည့်အမှတ် (၇၆)၊ ပြည်သာလမး် ၊ မြောက်ကွေ့မိဘဈေးနား၊ ဖောင်တော်ဦးဘုရား၊ မန္တလေးမြို့၊ ဖုန်းဝ၉၇၆၂၆၆၇၀၈၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top