Healthy Life Ad
Q & A

သွေးဆုံးချိန် အဓိကစားသင့်သည့် အာဟာရ

မေး. သွေးဆုံးတဲ့အချိန်မှာ တချို့ဟော်မုန်းတွေမရှိဘူးလို့ပြောကြပါတယ်။ အဲဒီအချိန်မှာ အစားအသောက်တွေနဲ့ ပြန်အားဖြည့်ဖို့ လိုတယ်လို့လည်းပြောကြတယ်။ ဘယ်လိုအစားအသောက်တွေကို စားပေးသင့်ပါသလဲ။
ဒေါ်နန်းခင်၊ ညောင်ရွှေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးဆုံးတဲ့အချိန်မှာ ငါးကြေးဆီမှီဝဲရပါတယ်၊ ဟော်မုန်းပြန်ဖြည့်တဲ့အနေနဲ့ ဆေးမှီဝဲရပါတယ်။ အဓိကကတော့ ဘာသောက်သင့်သလဲဆိုတော့ ပဲနို့ကိုသောက်သင့်ပါတယ်။ တိုဟူး၊ ပဲပိစပ်နဲ့လုပ်ထားတဲ့ အစားအသောက်တွေကို စားပေးရပါတယ်။ ဒါဆိုရင် အီစထရိုဂျင်ဟော်မုန်းကို ပြန်ဖြည့်ပေးပါတယ်။

သွေးဆုံးချိန်မှာ အများအားဖြင့် အမျိုးသမီးတွေက စိတ်တိုတတ်ပါတယ်။ အဲဒီလို စိတ်တိုတတ်တဲ့အတွက် ပဲပုပ်စေ့လှော်လေးတွေ စားပေးရပါတယ်။ ရှမ်းပြည်ကထွက်တဲ့ ပဲပုပ်စေ့လှော်လေးတွေစားပေးပြီး ပဲနို့များများသောက်ရမယ်၊ အဓိက တိုဟူးများများ စားပေးဖို့လိုပါတယ်။ တိုဟူးကို တစ်ပတ်မှာ သုံးကြိမ်လောက်တောင် စားပေးသင့်ပါတယ်။ တိုဟူးမှာ ဂျပန်တိုဟူးပဲဖြစ်ဖြစ်၊ မြန်မာတိုဟူးပဲဖြစ်ဖြစ် စားသင့်ပါတယ်။ ပဲပြား၊ ပဲပိစပ်တွေကိုလည်း စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top