Healthy Life Ad
Life Style

သင့်ခြေသလုံးနှင့် တင်ပါးကြည့်ကောင်းစေမည့် အလွယ်လေ့ကျင့်ခန်း

၊ သဒ္ဒါထက် ၊

ခြေသလုံးနဲ့တင်ပါး ကြည့်ကောင်းစေဖို့ ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ အစပိုင်းမှာ အကြိမ်နည်းနည်းနဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းတိုးလုပ်သွားပါ။

(၁) အခြေခံဆောင့်ကြောင့်ထိုင်ခြင်း
အရင်ဆုံးခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲရပ်ပြီး ဆောင့်ကြောင့်ထိုင်ပေးပါ။

(၂) တင်ပါးနောက်ပစ်ပြီး ဆောင့်ကြောင့်ထိုင်ခြင်း
လက်နှစ်ဖက်ကို ရှေ့ဖက်မှာ ပုံပါအတိုင်းထိကပ်ရင်း တင်ပါးကိုနောက်ပစ်ကာ ဆောင့်ကြောင့်ထိုင်ပေးပါ။

(၃) ဆူမိုနပန်းသမားပုံစံ ဆောင့်ကြောင့်ထိုင်ခြင်း
ဒီနည်းက လက်နှစ်ဖက်ကို ရှေ့ဖက်မှာထိကပ်ရင်း ပေါင်နဲ့ခြေသလုံးကို ဘေးဘက်ချဲကာ ဆောင့်ကြောင့်ထိုင်ပေးရမှာဖြစ်ပါတယ်။

(၄) ကြမ်းပြင်ပေါ်လက်ထိပြီး ဆောင့်ကြောင့်ထိုင်ခြင်း
ကြမ်းပြင်ပေါ် လက်နှစ်ဖက်ဆန့်တန်းရင်း ဆူမိုနပန်းသမားပုံစံ ဆောင့်ကြောင့်ထိုင်ပေးပါ။

(၅) လက်နောက်ပစ်ရင်း ဆောင့်ကြောင့်ထိုင်ခြင်း
လက်နှစ်ဖက်ကိုပုံပါအတိုင်း ဦးခေါင်းနောက်ဘက်မှာယှက်ကာ ဆောင့်ကြောင့်ထိုင်ပေးပါ။

(၆) ခုန်ရင်း ဆောင့်ကြောင့်ထိုင်ခြင်း
လက်တွေကို ရှေ့ဘက်ထားရင်း ခုန်ပေါက်ကာဆောင့်ကြောင့်ထိုင်ပေးပါ။ ဒီလေ့ကျင့်ခန်းက လက်မောင်းကြွက်သားတွေကို သန်စွမ်းစေပါတယ်။

(၇) ခြေထောက်ချင်းပူးပြီး ဆောင့်ကြောင့်ထိုင်ခြင်း
လက်နှစ်ဖက်ကို ရှေ့မှာဆုပ်ထားကာ ခြေထောက်ချင်းပူးရပ်ပြီး ဆောင့်ကြောင့်ထိုင်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top