Healthy Life Ad
Health Tips

ဗိုက်ချပ်စေမည့် တစ်မိနစ်

၊ လရိပ်မေ ၊

နေ့စဉ် အချိန်တစ်မိနစ်ပေးရုံနဲ့ ဗိုက်ပူခြင်းကင်းပြီး ချပ်ရပ်ကြည့်ကောင်းတဲ့ ဝမ်းဗိုက်အလှကို ရရှိစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) ၁၀ စက္ကန့်
ခြေဆင်းထိုင်ပြီး ခြေဖျားထိပ်ဆီလက်တွေကို ဆန့်တန်းကာထိပေးပါ။ ဒူးမကွေးရပါဘူး။

လေ့ကျင့်ခန်း (၂) ၁၀ စက္ကန့်
ပက်လက်လှန်လှဲလျောင်းရင်း ညာဘက်ဒူးခေါင်းကိုပိုက်ပြီး ရင်ဘတ်ဆီ ထိနိုင်သလောက်ဆွဲထိပေးပါ။ အချိန် ၁၀ စက္ကန့်ခန့်ထားပါ။ ပြီးရင် ဘယ်ဘက်ခြေထောက်ကို ပြောင်းလုပ်ပါ။

လေ့ကျင့်ခန်း (၃) ၁၀ စက္ကန့်
ပက်လက်လှန်လှဲလျောင်းရင်း ညာဘက်ဒူးခေါင်းကိုပိုက်ပြီး ရင်ဘတ်ဆီဆွဲထိကာ လွှဲယမ်းပေးပါ။ အချိန် ၁၀စက္ကန့်ခန့်လုပ်ပြီး ဘယ်ဘက်ဒူးခေါင်းကို ပြောင်းလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄) ၂၀ စက္ကန့်
ပက်လက်လှန်လှဲလျောင်းပြီး ဒူးထောင်ကာ ခြေသလုံးကို အပေါ်အောက် ငါးကြိမ်ချလိုက်၊ မလိုက်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၅) ၁၀ စက္ကန့်
ထိုင်ပြီး ညာဘက်ဒူးခေါင်းကိုပွေ့ကာ ရင်ဘတ်ဆီဆွဲယူပါ။ ပြီးရင် ဘယ်ဘက်ဒူးခေါင်းကို ပြောင်းလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top