Healthy Life Ad
Life Style

တစ်လအတွင်း အရွယ်တင်နုပျိုသွားစေမည့် နနွင်းပျားရည်ပေါင်းတင်နည်း

ငွေကြယ်စင်ယံ၊

ဒီပေါင်းတင်နည်းက ကျွန်မကိုယ်တိုင်လက်တွေ့အသုံးပြုနေတာဖြစ်ပါတယ်။ ခက်လည်း မခက်ပါဘူး။ အိမ်မှာ နနွင်းမှုန့်၊ ပျားရည်နဲ့ သကြားရှိရုံနဲ့ အဆင်ပြေမယ့် ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

– နနွင်းမှုန့် (ဆနွင်းမှုန့်လို့ ခေါ်ကြပါတယ်)

– ပျားရည်(ပျားရည်စစ်စစ်ရရင်ပိုကောင်းပါတယ်)

– သကြား

ပြုလုပ်နည်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲကို ပျားရည်နည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ်လေး မွှေလိုက်ပါ။ ပြီးရင် မျက်ဝန်းတစ်ဝိုက်နေရာချန်ပြီး မျက်နှာ တစ်ပြင်လုံးအနှံ့သုတ်လိမ်းပါ။ မျက်နှာသစ်ထားဖို့တော့ မမေ့ပါနဲ့။ မျက်နှာကိုသုတ်လိမ်းတဲ့အခါ လက်ချောင်းလေးတွေကို စက်ဝိုင်းပုံစံလှည့်လည်ပြီး ပွတ်ပေးလိုက်ပါ။

နာရီဝက်လောက်အကြာထားပြီး ရေနဲ့ အရင်ဆေးလိုက်ပါ။ မျက်နှာမှာ နနွင်းမှုန့်ကြောင့် အဝါရောင်သမ်းနေနိုင်တဲ့အတွက် မျက်နှာသစ်ဆေးနဲ့ သေချာပွတ်ပြီး ဆေးလိုက်ပါ။ ဒါဆိုရင် မျက်နှာအသားအရေက နုနယ်ပြီး ချောမွေ့သွားပါလိမ့်မယ်။သကြားပါတဲ့အတွက် ကြေးချွတ်သလို အာနိသင်ရှိတာကြောင့် တစ်ပတ်မှာနှစ်ခါလောက်ပဲ လုပ်ပေးသင့်ပါတယ်။ မျက်နှာပေါ်က အမည်းစက်၊ အမာရွတ်၊ အရေးကြောင်းတွေကို သိသိသာသာလျော့ပါး သွားသလို ဆောင်းတွင်းကာလမှာဖြစ်တဲ့ မျက်နှာအသားအရေခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top