Healthy Life Ad
Life Style

ကလေးမွေးရင် ယောကျာ်းလေးရချင်သလား (Baby Boy)

ဒေါက်တာတင့်ဆွေ

မေးခွန်း (၁) အသက် ၃၅နှစ်၊ အမျိုးသမီးပါ၊ သမီးသုံးယောက်ကို ခွဲမွေးထားပါတယ်။ နောက်ကလေး ယောကျာ်းလေး လိုချင်လို့ပါ။ ဆေးနည်းလေးများရှိမလား သိချင်လို့ပါ။

မေးခွန်း (၂) ဆရာရှင့် သမီးအသက်က ၂၉ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့သော ၄ နှစ်က သမီးမိန်းကလေးတယောက် မွေးထားပါတယ်။ အခုနောက်ထပ် ယောကျာ်းလေးတစ်ယောက်လောက် ထပ်လိုချင်လို့ပါဆရာ။ ဘယ်လိုနည်းလမ်းများနဲ့ လုပ်ဆောင်ရပါမလဲ သိချင်လို့ပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ. (ကန်တော့ပါ) ယောကျာ်းလေးရစေမယ့် အစားအသောက် (Boy Diet) တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။ အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊ ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊ (ကေဖင်း)ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။ အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောကျာ်းတွေကို စမ်းကြပြန်တယ်။ ယောကျာ်း-အစိတစ်ဖက်ကို ချည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဖူးတယ်။ တခြားနည်းတွေလည်း တစ်ရွာတစ်ပုဒ်ဆန်း မနည်းလှပါ။

Boy Hints အရပ်ပြော သားယောကျာ်းလေး ရစေနည်းတွေကတော့ –

– ကပ္ပာယ်အိတ်အေးစေအောင် (ဘော်ဆာ) အတွင်းခံဝတ်ထားပါ။

– ယောကျာ်းက အရင်(အော်ဂဇင်) ရအောင်နေပါ။

– အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေးမွေးမယ်။

– အတူနေဖို့ ယောကျာ်းကစပါ။

– ယောကျာ်းက အထက်ကအနေအထားနဲ့ဆက်ဆံပါ။

– မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။

– ညအချိန်မှာ ဆက်ဆံပါ။

– လပြည့်ရက်၊ လဆန်းရက်တွေရှောင်ပါ။ လပြည့်ကျော်တစ်ပတ်မှာ အတူနေကြပါ။

ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ)တစ်ခုရှိပါတယ်။ (ဘိုင်အို-ရစ်သမ်) နည်းလို့ခေါ်တယ်။ ၁၉ ရာစုကတည်းကပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ဆိုပါတယ်။ ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား)ရဲ့ အက်စစ်ဓာတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် မ-မျိုးဥ အဖုံးလွှာရဲ့ လျှပ်စစ်-သံလိုက်အခြေအနေနဲ့လည်း ဆက်စပ်ပါသေးတယ်။

ဟိုရှေးရှေး ဆေးပညာဖခင်ကြီး (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက နေ့ကောင်းရက်သာနဲ့ ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသဘော ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr. Wilhelm Fliess ကနေစပြီး ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖော်ထုတ်ပါတယ်။ လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်)နဲ့ရှိလာကြတယ်။ အိပ်ချိန်နဲ့ နိုးထချိန်၊ ဟော်မုန်းတစ်မျိုးစီ ထွက်ချိန်တွေ အလှည့်ကျဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနဲ့ ဉာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။

၁၉၀၂ ခုနှစ်မှာ ဗီယယ်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလည်း ဒီအချက်ကို ထောက်ခံချက်ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂၀ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကနေ Intellectual rhythm ကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့အချိန်ကာလတွေမှာ မှတ်ဉာဏ်တွေ၊ ထိုးထွင်းဉာဏ်တွေ သိပ်ကောင်းပြီး တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။

ပညာရှင်တွေကနေ ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖော်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောကျာ်းလေးရစေဖို့၊ မိန်းကလေးရစေဖို့ ပြက္ခဒိန်တစ်ခု ရလိမ့်မယ်။ ၉၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း ဗဂျိုင်းနားဟာလည်း သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ ဗဂျိုင်းနား အက်စစ်ဓာတ်ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X (အိတ်က်စ်-ခရိုမိုဇုမ်း)ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေးရစေနိုင်တယ်။ ဗဂျိုင်းနားက အယ်လ်ကာလိုင်းဓာတ် ဖြစ်နေချိန်ဆိုရင် Y (ဝိုင် -ခရိုမိုဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောကျာ်းလေးဖြစ်စေမယ်။

အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တစ်ဆက်တည်း သူကနေမွေးလာမယ့်ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လည်း ယူဆကြတယ်။ မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမယ့် ကလေး ကျား-မ ခွဲနိုင်စေဖို့ ခန့်မှန်းချက်ကို တွေ့လာတာကတော့ ၁၉၆၀ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။

မငြင်းနိုင်တဲ့ ဆေးပညာကလက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်းနဲ့ ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ လိင်ရွေးချယ်ရာမှာ အမေရောအဖေပါ တစ်ဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တစ်ခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တစ်ခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့လိင်အမျိုးအစားအတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကိုပေးတယ်။

လိင်ဆက်ဆံမှုတစ်ခု ပြုပြီးတာနဲ့ ယောကျာ်းကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂၀ဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တစ်ခုတည်းကသာ မ-မျိုးဥနဲ့ပေါင်းစပ်ပြီး ကလေးကို ကျားရယ်၊ မရယ် ခွဲခြားဖြစ်စေနိုင်တယ်။

Y ပါတဲ့ သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုးလုံးဝရှိမနေစေဘဲ မ-မျိုးဥထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ သုက်ပိုးတွေက အရင်ရောက်လာလို့ ယောကျာ်းလေးရစေမယ် . .

Shettles Method (ရှက်တဲလ်စ်)နည်း

မိန်းကလေး ဘယ်လိုရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမယ့် ကျားရော မပါရအောင်လုပ်နည်းဖြစ်တယ်။ Y ပါတဲ့ သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုးလုံးဝရှိမနေစေဘဲ မ-မျိုးဥထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေ လာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ သုက်ပိုးတွေက အရင်ရောက်လာလို့ ယောကျာ်းလေးရစေမယ်။

ဒီလိုဖြစ်လာစေဖို့ အမျိုးသမီးဟာ ကိုယ့်ရာသီ ရက်-လ အတိအကျသိရမယ်။ ဘာတစ်ခုမှ မလုပ်သေးခင် မနက်အိပ်ရာထချိန်မှာ တိုင်းယူတဲ့ ကိုယ်အပူချိန်တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လလောက် အဲဒီလို တွက်ချက်-မှတ်သားထားပါ။ မျိုးဥဘယ်ရက်မှာ အတိအကျထွက်တယ်ဆိုတာ သေချာပေါက်သိနိုင်တယ်။ ကြားရက်တစ်ရက် (လလယ်ရက်)မှာ ကိုယ်အပူချိန် နည်းနည်းလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥထွက်တဲ့ရက်ဖြစ်တယ်။

အဲဒီရက် မတိုင်ခင် ၄-၅ ရက်အတွင်း အတူနေကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့အင်္ဂါထဲကို သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်)သုံးတာဖြစ်ဖြစ်လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မယ့်ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗဂျိုင်းနားထဲမှာသုက်လွှတ်ပါ။ အတိအကျပြောရရင် မျိုးဥထွက်ချိန် မတိုင်ခင် ၁၂ နာရီမှာ အတူနေပြီး သုက်ထည့်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top